"အဲ့တော့ မနေ့က မင်းနဲ့Park Chan Yeolနဲ့
ဇာတ်လမ်းလေး ဖြစ်သွားတယ်ပေါ့..""အာ...ဘာကို ဇာတ်လမ်းဖြစ်ရမှာလဲ Luhan ရာ.."
"မင်းတို့ဟာက ဒရမ်မာ အတိုင်းပဲ လေ..မင်းက ခြေခေါက်လဲ ဟိုအချေကောင်က လာကူညီ..
မင်းသားနဲ့ မင်းသမီး ရိုမန့်တစ်ဆန်နေတာကျနေတာပဲ..""တော်စမ်းပါကွာ...သူဖြင့် ကျောင်းမလာပဲနဲ့များ.."
"အခု မင်း ခြေချင်းဝတ် ခေါက်သွားတယ်လို့ ကြားကြားချင်း မင်းဆီ လာတယ်လေကွာ.."
LuHan တစ်ယောက် သူမနေ့က ကျောင်း မတက်လို့ ဒီနေ့မနက် Baek Hyun ဆီ ဖုန်းဆက်ပြီး မနေ့က ဘာတွေသင်လဲမေးရာကနေ ကိုယ်တော်က ခြေခေါက်လဲလို့ ခြေထောက်နာနေတယ်ပြောတာနဲ့ သူ့အိမ် အပြေးလာခဲ့ခြင်းဖြစ်တယ်..
ဒီရောက်တော့ Baek Hyun က မနေ့က ဖြစ်ပုံ
ပျက်ပုံ အကုန်လုံးပြောပြမှ Chan Yeol နဲ့ တွေ့ပြီး Baek Hyun ကျောင်းဆေးခန်း ကို သွားနိုင်ခဲ့ကြောင်း
အိမ်ပြန်လာနိုင်ခဲ့ကြောင်း သိရသည်..*ဒီလို ဆိုတော့လဲ အဲ့ဒီ အချေကောင် နံပါတ် ၂က မဆိုးရှာပါဘူး
သူများကို ကူညီ ချင်စိတ်ရှိသားပဲ*
"အဲ့ဒီ Park Chan Yeolက ငါ့သူငယ်ချင်း မင်းကို ကူညီထားတာဆိုတော့ နောက်ကျရင် လျှော့မွှေရမယ်..."
"အမ်..?LuHan မင်းဟာကလဲ ဘယ်လိုလဲ..မမွှေတော့တာလဲ မဟုတ်ဘူး..
လျှော့မွှေမယ်တဲ့..""အေးလေ...လျှော့မွှေမှာပေါ့...မမွှေပဲနဲ့တော့ မနေနိုင်ပါဘူးနော်..ဟင်းဟင်း...မမွှေပဲနေရင် LuHan တို့ အချေကောင်တွေကို မွှေတဲ့ အမွှေစိန် သမိုင်းပျက်သွားမှာပေါ့..."
"ဟောဗျာ..."
Baek Hyun အံ့သြစွာ အာမေဍိတ်ပြုမိတော့
LuHan က မျက်စောင်းထိုးသည်လေ.."ဘာလဲ..မင်းက တစ်ခါလေး ကူညီပေးလိုက်တာနဲ့ မမွှေချင်တော့ဘူးလား.."
"အဲ့လိုတော့လဲ မဟုတ်ပါဘူးလေ.."
Baek Hyun မျက်လွှာလေး ချပြီး လေသံအေးအေးလေးနဲ့ ခပ်ကုပ်ကုပ်ပဲ ပြန်ပြောလိုက်သည်..
"အဲ့လိုတော့လဲ မဟုတ်ရင် မွှေမြဲအတိုင်းပဲ ငါနဲ့တူတူ မွှေကြမယ် "

YOU ARE READING
အချေကောင်နဲ့ အမွှေဇယား
Fanfictionကိုကလဲ ခပ်ချေချေပဲ.. ဒါမဲ့လဲ ဒီကလဲ ခပ်မွှေမွှေပဲ