Hi!!!
relisia6800 ပါ✌✌✌Update တော်တော်ကို ကြာသွားခဲ့တယ်နော် 😁
တောင်းပန်ပါတယ် 😔
ကဲ
ကဲ..စကားမများတော့ပါဘူး...စလိုက်ကြရအောင်....နော...😊
"သူတို့နှစ်ယောက်က သူငယ်ချင်းတွေ..
အင်း....တော့်တော့်ကို ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ..""အဲ့တာဆို ဘာလို့ အခုမတည့်ကြတော့တာလဲ..."
"ဇာတ်လမ်းလေးကြောင့်ပေါ့..."
"အင်....ဘာဇာတ်လမ်းတုန်း..."
"ဒီလို ဒီလို
Oh Se Hun နဲ့ Park Chan Yeol ဆိုတာ
လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအထိ တော်တော့်ကိုခင်ခဲ့ကြတာ
ဒါပေမယ့်ကွာ ဖြစ်ချင်တော့
အဲ့တုန်းက Se Hun က ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်
Chan Yeol ကလဲ သိတယ်
Se Hun ရယ် အဲ့ကောင်မလေးရယ် Chan Yeol ရယ် က သင်တန်းတခုထဲ...
အဲ...
Se Hun ကြိုက်တယ်ဆိုတုန်းက
Chan Yeol က
အော်...အေး...မဆိုးပါဘူး...လိုက်ရင်လိုက်ကြည့်ပေါ့ ဆိုပြီးတောင် ပြောသေးတာ...
Se Hun ကကောင်မလေးကို တော်တော်ကြိုက်တာ
အဲ့ကောင်မလေးအိမ်ကို လိုက်ချောင်းရတာနဲ့..
ကောင်မလေးကို စာရှင်းပြရတာနဲ့....""အင်း...အဲ့တော့ ...."
"အင်း...နောက်ပိုင်းကျ အဲ့ကောင်မလေးက Chan Yeol ကိုကြိုက်တယ်တဲ့လေ....
အဲ့မှာ အဲ့ကောင် Chan Yeolကလဲ ကောင်မလေးကို ပြန်တွဲလိုက်တယ်လေ..""ဟေ..အဲ့တာဆို Oh Se Hun ကြီးက မတင်းဘူးလား.."
"အင်း...အရမ်းတော့မတင်းပါဘူး..
အဲ့ကောင်မလေးမှာ သူကြိုက်တဲ့လူကို ကြိုက်ခွင့်ရှိတာပဲဆိုပြီး ဘာမှတော့မပြောရှာပါဘူး..ဒါပေမယ့်သိတယ်မလား စိတ်ထဲမှာတော့ ခုနေမှာပေါ့""အေးပေါ့...ပြီးတော့ တခြားလူလဲ မဟုတ်ဘူး ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးက လုပ်သွားတာ တကယ်ဆို Park Chan Yeolက အကျင့်ပုတ်တာ
ကိုယ့် သူငယ်ချင်း ကြိုက်နေတဲ့ ကောင်မလေးက သူ့ကြိုက်တယ်ဆိုတာနဲ့ပဲပြန်ကြိုက်ရလား""အေး...ငါပြောချင်တာအဲ့ဒါ..."
"ဟုတ်တယ်..."