"အဲ့တာ ဘာဖြစ်နေတာလဲ.."
"Chan Yeol?"
ငိုမဲ့မဲ့မျက်နှာ နဲ့ ခြေ ချင်းဝတ်ကို ဖိကိုင်ပြီး
မျက်နှာ ရှုံမဲ့နေသော Baek Hyun.."ငါ့ ခြေ ချင်းဝတ်ခေါက်သွားတာလားမသိဘူး..Chan Yeol...လုပ်ပါဦး.."
"ဟုတ်လား..."
Baek Hyun ကသာ မျက်နှာ ရှုံ့ရှုံမဲ့မဲ့လေးဖြင့်
Chan Yeolကို ကြည့်ကာ ပြောနေသော်လည်း
အနှီ Chan Yeol ဆိုသော ပုဂ္ဂိုလ်ကတော့
နည်းနည်းတောင် တုတ်တုတ်မလှုပ်.."yar..Park Chan Yeolရဲ့...အဲ့လိုပဲ ရပ်ကြည့်မနေနဲ့လေ..ငါ့ခြေထောက်ကို နည်းနည်းပါးပါး လာကြည့်ပေးဦး..ငါ ဒီမှာ မတ်တပ်ထလို့ မရလို့.."
ထိုအခါမှ Chan Yeolဆိုသော အချေကိုယ်တော်က မတ်တပ်ရပ်နေရာက Baek Hyun ခြေထောက်လေးကိုင်ကာ ဖင်ထိုင်ချနေတဲ့နေရာ ရှေ့မှာ ၀င်ထိုင်လိုက်ပြီး
Baek Hyun လက်လေးနဲ့ ဖိကိုင်ထားတဲ့ Baek Hyun ခြေ ချင်းဝတ်ကို ကိုင်ကြည့်ပြီး
တစ်လုံးချင်း ပြော ချလာတာက"မင်းပြောတာကို ငါက ဘာလို့ယုံရမှာလဲ"တဲ့
ပြောပြီးပြီး ချင်း ကြီးကို မတ်တပ်ပြန်ရပ်ပြီး
ထွက်သွားဖို့လုပ်တယ်.."ဟာ...Chan Yeol..Chan Yeol..ငါ့ကို ဒီတိုင်း မထားခဲ့နဲ့လေ.."
သူ့ကို ကျောခိုင်းပြီး ကျောင်းခန်းတွေရှိရာ ဆီ ထွက်သွားစ ပြုနေတဲ့ Chan Yeolကို Baek Hyun အသည်းအသန်အော်ခေါ်နေရသည်..
"ငါ မင်းကို မွှေနေတာ မဟုတ်ပါဘူး!!Chan Yeol ရေ..ငါတစ်ကယ် ပြောနေတာပါ..ငါ့ခြေ ချင်းဝတ် တစ်ကယ်ခေါက်သွားတာပါ..!!တစ်ချက်လောက် ကူညီပေးပါကွာ...!"
ဒီ အချိန်မှာ Baek Hyun ၏ အားကိုးရာသည်
Chan Yeol တစ်ယောက်တည်းသာ ...LuHan ကျောင်းမလာသည့်နေ့တွင် သူဘာကြောင့်များ ဒီအပင်ကြီး အပေါ် တက်ထိုင်မိပြီး ကျောင်းတက်ခေါင်းလောင်းသံကြားလို့ လက်လွတ်စပယ် ဘာကြောင့်များ ခုန်ဆင်းမိပါသလဲ..
သစ်ပင်ပေါ်က ခုန်အဆင်းမှာ အဆင်းမတတ်လို့ ဒီခြေ ချင်းဝတ် က ဘာကြောင့်များ အဆင်မပြေဖြစ်သွားရတာလဲ
ကျောင်းတက်ချိန်ဖြစ်သွားလို့ အကုန်လုံး အခန်းဆီပြန်သွားခဲ့ကြတဲ့အချိန်မှာ သူက ကျောင်းရဲ့ အနောက်ချောင်ဘက်က ဒီ သစ်ပင် ကြီးအောက်မှာ ခြေခေါက်လဲပြီး မထနိုင်ဖြစ်ကျန်ခဲ့ရသည်..
YOU ARE READING
အချေကောင်နဲ့ အမွှေဇယား
Fanfictionကိုကလဲ ခပ်ချေချေပဲ.. ဒါမဲ့လဲ ဒီကလဲ ခပ်မွှေမွှေပဲ