[ Unicode ]
Byun BaekHyunဆိုတဲ့ ကျွန်တော်က သာမာန်ကျောင်းသားလေးတစ်ယောက်....။
အပူပင်ကင်းပြီး ပျော်ပျော်ပဲနေတတ်တယ်။
ရည်းစားလည်းမရှိသလို... ရေလာမြောင်းပေးလုပ်တဲ့သူတချို့ကိုလည်း စိတ်မဝင်စားပင်။
သူငယ်ချင်းတွေနဲ့ ပျော်ပါးမယ် စနောက်မယ်။
ကျွန်တော့်စိတ်ထဲရှိတာ အဲ့တာတွေပဲ။သူငယ်ချင်းအချို့ကတောင်မေးကြတယ်။
"မင်းမချစ်တတ်ဘူးလား"တဲ့!အွန်းလေ.... မေးလည်းမေးချင်စရာပါပဲ။
တခြား ကျွန်တော့်အရွယ် ကောင်လေးတွေကတောင် ရည်းစားတွေ ဘာတွေနဲ့....။
အဲ့တော့ သူတို့မေးလည်းမေးချင်စရာပင်....။ဒါပေမဲ့ ကျွန်တော်မချစ်တတ်တာမဟုတ်ဘူး....။
မချစ်ရဲတော့တာ....။ပြောရမည်ဆိုလျင်...
ကျွန်တော့်မှာ အချစ်ဦးဆိုတာရှိခဲ့ဖူးသည်။
ShinHeeတဲ့
သိပ်လှတဲ့သူမနာမည်က Kim ShinHee...။သူမကြောင့် အချစ်ဆိုတာ ဘုရားကပေးတဲ့ ပြစ်ဒဏ်မှန်းသိခဲ့ရသည်။
အဲ့အတွက် သူမကို ကျွန်တော်ကျေးဇူးတင်မိသည်မှာအမှန်...။သူမအတွက် ဘာမဆိုလုပ်ပေးခဲ့ဖူးသည်။
ကျွန်တော် သူမကိုချစ်နေမှန်း သူမသိသိလျက် သူမကောင်လေးနဲ့အောင်သွယ်ခိုင်းသည့်တိုင်.....
သူမချစ်သူကောင်လေးနဲ့ ပြသနာဖြစ်တိုင်း ရင်နာနာနဲ့ ကြားဝင်ဖြေရှင်းခိုင်းသည့်တိုင်......
ကျွန်တော် သူမသဘောအတိုင်းအားလုံးကိုဖြစ်စေပေးခဲ့သည်။တနေ့.....သူမကောင်လေးသူမကိုဖျက်သွားသောနေ့က
သူမ ကျွန်တော့်ကိုပြောခဲ့သည့်စကားက...."Baekhyun ah~~ငါနောင်တရတယ်သိလား အစောတည်းက ငါ..ငါနင့်ကို...ရွေးချယ်ခဲ့သင့်တာ အခု...ငါတို့..."
"ဟင့်အင်း ShinHee...ငါ့နှလုံးသားကနင့်ကိုမလိုအပ်တော့ဘူး...."
ကျွန်တော့်စကားကြောင့် သူမ အံ့အားသင့်သွားသည့်ပုံပင်....
အံ့အားသင့်စရာဘာအကြောင်းရှိလို့လဲ?ကျွန်တော့် နှလုံးသားနှင့်နစ်နေအောင်ချစ်ခဲ့တဲ့ သူမ....
သူမကိုယ်တိုင် ကျွန်တော့်နှလုံးသားကိုဒဏ်ရာတွေ တရစပ်ပေးခဲ့သည်။
အဲ့ဒဏ်ရာကြောင့်ပဲ သေမတက်နာကျင်နေခဲ့တဲ့ နှလုံးသားကနေ ဦးနှောက်အစိတ်ပိုင်းတွေကို စေခိုင်းခဲ့တာ....
ကျွန်တော့်နှလုံးသားပေါ်က သူမနာမည်ကို ဖျက်ဆီးဖို့။
အခုသူမနာမည် ကျွန်တော့်နှလုံးသားပေါ်မှာမရှိတော့ဘူးလေ။
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...