[ Unicode ]
ဒီနေ့တော့ ကျွန်တော်ကျောင်းမသွားဖြစ်ဘဲ
အိမ်မှာ အခန်းတွင်းအောင်းနေဖြစ်သည်။လူကစိတ်မလန်း...။
ညက ငိုထားသည့်အရှိန်ကြောင့်
နဂိုကမှ အပင်ပန်းမခံနိုင်တဲ့ကျွန်တော်...
ဖျားလေသည်။
သူများတွေကြားရင် ရယ်ချင်ရယ်လိမ့်မယ်။
သူတို့မှ နှစ်နှစ်ကာကာမချစ်ဖူးတာ...။လူတစ်ယောက်ကို နှစ်နှစ်ကာကာ
ချစ်မိရင်...
သေချာသည်။
အဲ့လူခံစားရတော့မှာပင်။^ဒေါက်^ ^ဒေါက်^
ထွက်ပေါ်လာသည့် တံခါးခေါက်သံကြောင့်...
"Nae.. Omma? ဝင်ခဲ့လေ"
အိပ်ယာပေါ်လိမ့်ရင်းနဲ့ပင်ပြန်ဖြေလိုက်သည်။
ဒါပေမဲ့ဝင်လာသည့်သူက
Ommaမဟုတ်ခဲ့...။"Hyu.....Hyung....ဘယ်လိုလုပ်?"
လှဲနေရာကနေ အမြန်ထထိုင်ရင်းမေးလိုက်ရသည်။
Hyungကတော့ အေးအေးဆေးဆေးပင်
ကျွန်တော့်ဘေးလာထိုင်လေရဲ့...။"Hyung..."
"Baekနေမကောင်းဘူးဆို"
ပြောရင်း Hyungက ကျွန်တော့်
နဖူးကိုလာစမ်းသည်။တွန့်ခနဖြစ်သွားသည့် ကျွန်တော့်ပုံစံကြောင့်
Hyungကသူ့လက်တွေကို
ပြန်ရုတ်သိမ်းလိုက်ပြီး..."ကိုယ်ငွေ့လေးတော့ရှိနေတာပဲ"
"Hyungက ဘယ်လိုလုပ်ပြီး ဒီကို?"
"BamWooဖုန်းဆက်တာ...
Baekနေမကောင်းလို့တဲ့!
အဲ့တာကလည်းHyungကြောင့်ဆိုလို့..."မနက်က BamWooကိုဖုန်းဆက်ကာ
ရင်ဖွင့်ခဲ့သည့် ကိုယ့်ကိုကိုယ်ကျိန်ဆဲလိုက်မိသည်။"အောက်မှာOmmaမရှိဘူးလားဟင်"
တမင်စကားလွဲ၍မေးလိုက်ခြင်းဖြစ်သော်လည်း
တကယ်သိချင်သည့်မေးခွန်းပဲဖြစ်သည်။။"ရှိတယ်...
Hyungက Baekကိုလာတွေ့တာဆိုတော့
သားလေးနေမကောင်းလို့
အပေါ်တက်သွားဆိုလို့လေ..."သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ ><
"Aww..."
"Baek....Hyungကြောင့်နေမကောင်းဖြစ်တာဆိုတာက?"
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...