[ Unicode ]
"ဒါ Baekအိမ်!
ဝင်လေHyung..."Hyungကို အိမ်ခေါ်လာတာက ကိုယ့်အကိုအရင်းလိုသဘောထားတဲ့အတွက် မေမေနဲ့မိတ်ဆက်ပေးချင်၍ဖြစ်သည်။
"မေမေရေ"
"သား....မေနောက်မှာ"
နောက်ဖေးက မေမေ့ထူးသံကြောင့်....
"ဒီမှာဧည့်သည်ပါလာတယ်လို့"
"အေးအေး...ခဏဧည့်ခံထားလိုက်
မေမေအအေးဖျော်ခဲ့ပေးမယ်""Nae~
Hyungထိုင်! Baekတို့ကသားမိနှစ်ယောက်တည်းနေတာလေ
ဖေဖေကBaekငယ်ငယ်လေးတည်းကဆုံးသွားတာ"ကျွန်တော့်ပြောသံအဆုံးHyungက သက်ပြင်းဖွဖွချရင်း...။
"အဲ့လိုပဲ ပြောခဲ့တယ်လား?"
Hyungရဲ့ခပ်တိုးတိုးစကားကို ကျွန်တော်ပီပြင်စွာမကြားလိုက်ရ၍ နောက်တစ်ကြိမ်ပြန်မေးမိသည်။
"Hyungဘာ..."
"သား ပြန်လာတာနောက်ကျတယ်နော်"
အအေးခွက်ကို Hyungရှေ့တစ်ခွက် ကျွန်တော့်ရှေ့တစ်ခွက်ချပေးရင်းဆိုလာတဲ့မေမေ့ကြောင့် မေးမဲ့စကားတွေကဘာမဟုတ်သလို ပျောက်ကွယ်သွားတော့သည်။
"ဟုတ်တယ် မေမေရဲ့ ... စာကြည့်တိုက်ဝင်နေလို့"
မုသားမပါ လကာင်္မချောမဟုတ်လား...?
"aww... ဒါနဲ့ ဒီHyungနာမည်က Wu Krisတဲ့"
"ဘယ်....ဘယ်လို...Wu..."
မေမေ့ရဲ့တုန်လှုပ်သွားပုံရတဲ့ဟန်အမူအယာ....။
မေမေ့ကိုစူးစိုက်ကြည့်နေတဲ့ Hyung.....။ပုံမှတ်မဟုတ်တာ တခုခုကြောင့်များလား?
"BaekHyun ah~ ခဏထွက်ခဲ့"
အိမ်ရှေ့ကခေါ်သံက NaNaအသံမှန်း ကျွန်တော်တန်းသိလိုက်သည်။
သူကရော ဘာတွေစကားနာထိုးဖို့ ဒီထိလိုက်လာပြန်တာလဲ?
"Hyungခဏနော်...
မေမေHyungကိုဧည့်ခံထားပေးနော်
အရှေ့မှာNaNaစောင့်နေလို့"မေမေ့တုံ့ပြန်သံကိုမစောင့်ပဲ ကျွန်တော် အိမ်ရှေ့သို့ထွက်ခဲ့လိုက်သည်။
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...