[ Unicode ]
"Byun Baekhyun! Byun Baekhyun! Byun Baekhyun"
နားနေခန်းထဲထိုင်နေသည့်တိုင် အရှေ့ဘက်မှ အော်သံတို့ကကြားနေရသေးသည်။
"Baekက နောက်ဆုံးဖျော်ဖြေမှုဆိုတာမသိဘူးလား? ကျစ်!"
ကျစ်သတ်စုပ်ကာပြောလာတာ သူ့ရဲ့စိတ်မကြည်မှုတို့ကအထင်းသား....။
"Listကထုတ်ထားပြီးသားကို... သူတို့သိမှာပါ"
ကျွန်တော့်စကားကြောင့် ဂီတာကြိုးညှိရာကို အာရုံစိုက်နေတဲ့ သူ့မျက်ဝန်းတွေ ကျွန်တော့်ဆီရောက်လာခဲ့သည်။
"အဲ့တာကိုတောင် ဘာလို့ Byun Baekhyun! Byun Baekhyun!နဲ့အော်နေကြတာလဲ"
နှုတ်ခမ်းအားမဲ့ရွဲ့ကာ ပြောဆိုပြီးနောက်... ရင်ဝယ်ပိုက်ထားသော ဂီတာဆီ သူအာရုံလွဲပစ်လိုက်ပြန်သည်။
ကလေးဆန်သော အမူအရာကြောင့် ကျွန်တော် မရယ်မိအောင်ထိန်းလိုက်ရသေးသည်။
"အဲ့တာကတော့ Byun Baekhyunမဟုတ်လို့နေမှာပေါ့ဗျာ"
ကိုယ့်ကိုကိုယ်ကို ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်ပင်မဲ့ လူကြီးတန်မဲ့မျက်စောင်းထိုးလာပါသောသူ....။
အွန်း...... ကိုကိုတောင် ကျွန်တော်နဲ့ပတ်သတ်ပြီး ကလေးဆန်ဆန် သဝန်တိုမှုမျိုးရှိလာပြီတဲ့လေ.....။
"ကိုကိုရာ.... မျက်စောင်းတွေထိုး နှုတ်ခမ်းတွေထော်နဲ့...
Baekကနဂိုကမှ ကိုကိုကို့ အဲ့လူတွေရှေ့ထုတ်ပြချင်တာမဟုတ်ဘူးနော်
တော်ကြာ... အဲ့အောက်က အမတော်တွေက ခင်ဗျားကြီးကိုမျက်စိကျသွားမှဖြင့်...."ဒီတခါ...
ကလေးဆန်သွားရသူက ကျွန်တော်ပင်....။ကျွန်တော့်လို ပျော်ပျော်နေတတ်တဲ့သူတောင် Park Chanyeolဆိုတဲ့လူကြီးကြောင့် တငိုငို တရီရီဖြစ်ခဲ့ရသေးတာပဲ....။
ကျောင်းက မိန်းကလေးတွေရဲ့ အကြောင်းကို ကျွန်တော်သာသိသည်။"ဒီတယောက်ပြီးရင် Baekhyun! မင်းအလှည့်ပဲနော်"
အခန်းတံခါးမှ ခေါင်းလေးဝင်ကာ အသိပေးပြီးပြန်ထွက်သွားသော Sehun...။
"ကိုကို.... Baekတို့ အလှည့်ရောက်တော့မယ်"
ဘယ်လောက်ပဲ ဒီလိုပွဲမျိုးနှင့်ရင်းနှီးသည်ဆိုစေဦးတော့....
ဒီတခေါက်ပွဲက အရင်လိုမှမဟုတ်ပဲ....။
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...