[ Unicode ]
ချစ်ခဲ့ပါတယ်....
ချစ်နေဆဲပါ....
နောက်လည်း ချစ်နေဦးမှာပါ။
ဒါပေမဲ့....
ဖုံးကွယ်ထားပါရစေ။
အရမ်းချစ်ပြရင် တန်ဖိုးမဲ့သွားတတ်လို့။ကောင်းပြီ။
ဘယ်လောက်ထိဖုံးကွယ်နိုင်မှာလဲ?
ဘယ်အချိန်ထိလဲ?
နှစ်ဦးနှစ်ဖက် အဲ့လိုပြစ်ညက်ချက်တို့ရှိနေရင်တော့
ဘယ်တော့မှ လိုချင်တဲ့နှစ်ယောက်တစ်ဘဝလေးရလာမှာမဟုတ်ဘူး။အမှန်က
တကယ်ချစ်တဲ့သူတွေကြား
အဲ့စကားလေးမရှိသင့်တာအမှန်။~~Silent~~
"Baek....."
"ဘုရား!"
ခြံတံခါးကိုလှည့်အပိတ ်နောက်ကရောက်လာတဲ့ သူ့ကြောင့်...။
"လန့်လိုက်တာဗျာ"
မနေ့ကညနေခင်းမှဖြစ်ပျက်ထားတဲ့အရာတစ်ချို့ကြောင့် သူနဲ့မျက်နှာချင်းဆိုင်ရမှာ လူကရှက်နေသလိုပင်။
"အခုဘယ်သွားမို့လဲ"
"လမ်းထိပ်"
ခပ်မြန်မြန်ပြောပြီး ခပ်သွက်သွက်သူ့ရှေ့မှထွက်လာခဲ့လိုက်သည်။
"လမ်းထိပ် ဘာသွားလုပ်မှာလဲ"
"ဘယ်ကိုလိုက်မလို့လဲ?"
ဘေးကလိုက်ပါလာတဲ့သူ့ကြောင့် အလန့်တကြားမေးမိတော့သည်။
"Baekသွားတဲ့နောက်ကိုလေ"
"မဟုတ်.....ဘာ..ဘာလိုက်လုပ်မှာတုန်း"
"Baekကိုစိတ်မချလို့"
ဘာပြန်ပြောရမှန်းတောင်မသိတော့။
သူ ဆေးများမှားသောက်လာလေသလား...?~~Silent~~
သူတကယ်ကြီးကျွန်တော့်နောက်မှလိုက်လာသည်မှာ စာအုပ်ဆိုင်ရောက်တဲ့အထိပင်ဖြစ်သည်။
"Silent"
"ဗျာ....."
စာအုပ်စင်ပေါ်အစီအရီတင်ထားတဲ့ စာအုပ်တွေထဲက ဖတ်လို့ကောင်းမယ်ထင်သည့် စာအုပ်ကိုရွေးနေတဲ့ အချိန် ဘေးကခပ်တိုးတိုးရေရွတ်တဲ့သူ့စကား...။
"ဒီမှာလေ"
သူက မျက်စိရှေ့ရှိစာအုပ်တစ်အုပ်ကို ဆွဲယူထောင်ပြသည်။
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...