[ Unicode ]
BaekHyun...
သူကပျော်ပျော်နေတတ်တဲ့ကလေးတစ်ယောက်။
ကလေး?
အွန်း....ကလေးပဲပေါ့။
ကျွန်တော့်ထက် ၅နှစ်နည်းပါးငယ်တဲ့ကလေးတစ်ယောက်။သူ့ကို ကြည့်ရင်အေးချမ်းသည်။
သူပျော်နေတဲ့ပုံလေးတွေ သူရယ်မောနေတဲ့ဟန်ပန်လေးတွေက ဘေးကကြည့်နေတဲ့လူကိုပါ အပျော်တွေကူးစက်စေနိုင်သည်။"Hyung gameတွေသိပ်မဆော့နဲ့ မျက်မှန်တပ်ရမယ်"
ထိုပိစိ ကျွန်တော့်ကို သတိပေးခဲ့စဉ်က...။
တကယ့်လူကြီးပေါက်စလေးလိုပင်။သူ့အသံလေးက ကျွန်တော်ဂိမ်းဆော့တိုင်းပြန်ကြားနေရလောက်တဲ့အထိ ဆွဲဆောင်နိုင်ခဲ့သည်။
ဝန်ခံပါတယ်...
ကျွန်တော်ဂိမ်းဆော့တိုင်း သူ့ကိုသတိရမိတယ်ဆိုတာ...။ထိုကောင်လေး ကျွန်တော့်ကို သူ့ရင်ခွင်သေးသေးထဲထည့်နှစ်သိမ့်ပေးတဲ့နေ့...။
မေ့ရနိုင်မည်မထင်ပါ။
အဲ့နေ့က ကျွန်တော့်ရင်တွေအတိုင်းအဆမရှိခုန်နေခဲ့လို့လေ။
နောက်ပြီးအဲ့ညက လရောင်အောက်က ကောင်လေးက ကလေးလေးလိုပင် သိပ်ချစ်ဖို့ကောင်းနေခဲ့သည်။နောက်နေ့.....နောက်နေ့တွေမှာ
ကျွန်တော် ထိုကောင်လေးကိုချစ်နေတာသိသာလာခဲ့တယ်။
အဲ့ကောင်လေးက သိပ်ဆွဲဆောင်မှုပြင်းတာပဲနော်။သူ ကျောင်းမတက်တဲ့နေ့တုန်းက သိသိချင်းစိတ်ပူသွားခဲ့ရသည်။
BamWooက ကျွန်တော့်ကြောင့် ထိုကောင်လေးလေးနေမကောင်းဖြစ်တာလို့ပြောလာသည်။
သူ အရမ်းငိုခဲ့လို့တဲ့လေ...။
ကျွန်တော့်ကြောင့်ဆိုပြန်တော့
အလွယ်တကူ သဘောပေါက်ခဲ့သည်က...။"ကိုယ်တို့တွဲရအောင်"
အဲ့အစား "ကိုယ်မင်းကိုချစ်တယ်"ဆိုတဲ့စကားမျိုး
ပြောချင်တာပေါ့။
ဒါပေမဲ့ သူကကလေး....။
ကလေးဆိုတဲ့သဘာဝအတိုင်း စိတ်ကစားတာဆိုရင်.....။
တနေ့... ကျွန်တော့်ရဲ့ချစ်တယ်ဆိုတဲ့စကားကို ထိုကောင်လေးရိုးအီသွားခဲ့ရင်...။ကိုယ် မင်းကိုချစ်တယ်ဆိုတာတော့ ယုံပေးပါ။
"ကိုကို့ကိုအရမ်းချစ်တယ်"
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...