[ Unicode ]
ကျွန်တော် ခုထိအိပ်မပျော်နိုင်သေး...။
စာကြည့်စားပွဲပေါ်ကနာရီလေးကိုလှည်းကြည့်မိတော့ အချိန်က ည1နာရီ25မိနစ်တိတိ....။အရင် ဒီချိန်တွေဆိုကျွန်တော် အိပ်ပျော်နေလောက်ပါပြီ။
ဒီနေ့မှ ညနေကကိစ္စကိုပြန်ပြန်တွေးမိနေလို့ အိပ်မပျော်နိုင်ဖြစ်နေသည်မှာ
ခံစားချက်နှစ်ရပ်နှင့်...။ပထမတချက်က သူ့အတွက်စိတ်မကောင်းဖြစ်တာ...။
ဒုတိယတချက်က ရှက်တာ...။
ကျွန်တော်... ကျွန်တော် Hyungရဲ့ခေါင်းကို....ဖက်....ဖက်ခဲ့...aigoo...ပြန်တွေးကြည့်တာနဲ့တင် လူက ကတုန်ကရင်ဖြစ်ချင်လာသည်။^Oh~~Everytime..I see you^
ထွက်ပေါ်လာသောအသံကြောင့်
အတွေးလေးတွေကိုခဏရပ်ပြီး မြည်နေတဲ့ဖုန်းရဲ့တည်နေရာကိုရှာရသည်။
နောက်မှ ခြုံထားတဲ့စောင်အောက်ကနေရတော့သည်။"Hello...."
✆အွန်း... Baek.... Hyungပါ ✆
သူ...?
"Chan...ChanYeol Hyung?"
✆အွန်း...Baek!
Hyung Baekကိုပြောစရာရှိလို့ ✆"na....nae...ပြောလေ"
Arshi!!!! ခြေမကိုင်မိလက်မကိုင်မိနဲ့ လက်ဖျားခြေဖျားတွေအေးစက်လာတာကြောင့် ခြုံထားတဲ့စောင်ကို လည်ပင်းအောက်ထိဆွဲတင်လိုက်မိသည်။
✆ညနေကကိစ္စကျေးဇူးပဲနော်Baek... Hyungလည်းနည်းနည်းလေးစိတ်မထိန်းနိုင်ဖြစ်သွားလို့✆
"အာာာ မဟုတ်တာ ရပါတယ်"
✆ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်တာ တကယ်ပါကွာ... Baekကိုရင်ဖွင့်လိုက်ရလို့ထင်တယ် ရင်ထဲပေါ့သွားသလိုပဲ✆
ကျေနပ်ပါတယ်လေ...။
"Nae!"
✆Hyung ပျင်းနေတာ...
အဲ့တာနဲ့ကျေးဇူးတင်ကြောင်းပြောရင်း စကားပြောရအောင်ဆက်လိုက်တာ.... Baekရဲ့အခန်းကမီးလင်းနေလို့လေ
Baekမအိပ်သေးရင်Hyungနဲ့စကားပြောပေးပါလား✆Hyungအတွက်ဆို....
"Nae ပြောပေးမယ်လေ"
✆Hyungအခု ဝရံတာမှာ ✆
သူကဝရံတာကိုထွက်လာစေချင်သလို စကားပြုတာကြောင့် ကုတင်ဘေးကထိုင်ခုံပေါ်လွှားထားတဲ့ အနွေးထည်လေးကိုအမြန်ကောက်စွတ်ကာ သူ့ကိုမြင်နိုင်မဲ့ အပြင်ဘက်ဝရံတာဆီထွက်လာခဲ့သည်။
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...