[ Unicode ]
"Baek....ကိုကိုကSilentလား?"
"ဟင်...."
ကျွန်တော့်မေးခွန်းကြောင့် ခုံပေါ်ကသီချင်းစာရွက်တွေကြားအလုပ်ရှုပ်နေတဲ့ သူ မော့ကြည့်လာခဲ့သည်။
သူနဲ့ ကျွန်တော်လက်ထပ်ပြီးခဲ့တာ 6လ ကျော်ခဲ့ပြီဖြစ်သည်။
အခုသူက နောက်ဆုံးနှစ်ရောက်နေပြီလေ။
ကျောင်းပြီးမှလက်ထပ်ချင်တဲ့ဆိုတဲ့သူ့ဆန္ဒနဲ့ တရုတ်မပြန်ခင်လက်ထပ်ပွဲလေးလုပ်ပေးချင်တယ်ဆိုတဲ့ Hyungရဲ့ဆန္ဒကြား Hyungရဲ့ဆန္ဒအရ ကျွန်တော်တို့လက်ထပ်ခဲ့ကြသည်။ယောက္ခကြီးကတော့ Hyungနဲ့အတူ တရုတ်လိုက်သွားသည်လေ။
အဲ့လိုက်သွားမယ်ဆိုတုန်းကလည်း ကျွန်တော့်ပိစိကအတင်းငိုပြီးလိုက်မယ်လုပ်နေလို့ ....
"ကလေးရာ~ဘယ်ကိုလိုက်သွားမှာလဲ?မင်းနဲ့ဝေးရင် ကိုယ်သေမှာ....ကိုယ့်ကိုခွဲနိုင်လို့လားဟင်"ဆိုကာ
မျက်ရည်လေးကျပြီး အတင်းဆွဲထားခဲ့ရသေးသည်။
SeHunnieတို့ကတော့ Ommaတို့နဲ့ပါပဲ။
တခါတခါတော့ Luhanပါခေါ်ပြီးလာလည်တတ်သည်။
သူတို့စုံတွဲလည်းအဆင်ပြေပါတယ်လေ။
ဆွေပြမျိုးပြလို့တောင်ပြီးနေပြီ။BaekHyun.....သူကကျောင်းမှာ အဆိုတော်တစ်ယောက်လိုဖြစ်နေတာပင်။
ကျောင်းကပျော်ပွဲရွင်ပွဲတိုင်း သူသီချင်းဆိုနေကြ...။
နောက်ဆုံးတော့ ကျောင်းမှာလုံးဝနာမည်ကြီးနေသင့်အနေအထားဖြစ်သည်။"ဘာပြောတာလဲကိုကို?"
ခေါင်းလေးမော့ကာ မေးလာတဲ့ သူ့ဘေးကပ်ထိုင်လိုက်ကာ...
"ကိုကိုက Silentလားလို့"
ကျွန်တော့်မေးခွန်းကြောင့် သူကမျက်မှောင်ကြုတ်ကြည့်လာသည်။
"ကိုကိုရာ မစပါနဲ့...လူကိုလှောင်နေတုန်းပဲလား?တကယ်ငိုခဲ့ရတာကို...."
ငိုမဲ့မဲ့လေးပြောလာသူကို အမြန်တားလိုက်ရတော့သည်။
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...