Part 2

21.7K 1.8K 11
                                    

[ Unicode ]

"မင်းနဲ့ChanYeol hyungနဲ့ကအခုအိမ်ချင်းကပ်ရပ်ပေါ့"

"မင်းကိုဘယ်သူပြောတာလဲ"

"NaNaပြောတာ"

"မျက်နှာချင်းဆိုင်ပါ...ဒါနဲ့NaNaကဘယ်လိုသိ?"

"ChanYeol Hyungပြောပြတာနေမှာပေါ့"

"aww"

NaNaက ကျွန်​တော်တို့နဲ့အခန်းမတူတော့ စာသင်ချိန်ပြီးမှသာတွေ့ဖြစ်ကြသည်။

"NaNa အဆင်ပြေလား"

"ဘာကိုလဲ"

BamWooရဲ့အမေးကို NaNaကအအေးသောက်ရင်းပြန်မေးသည်။

"ChanYeol Hyunနဲ့လေ"

BamWooမေးခွန်းကို ကျွန်​တော်ဘာကြောင့်စိတ်ပျက်မိတာပါလိမ့်။

"ဒီလိုပါပဲ ညကတောင်ဖုန်းဆက်သေးတယ်"

"ဖုန်းဆက်တယ်??"

BamWooကတအံ့တသြမေးလာသည်။
ကျွန်​တော်လည်းစိတ်ဝင်စားမိပါဧ။်
ဖုန်းဆက်ပြီးသူတို့ဘာတွေပြောကြလဲ
ကျွန်​​တော် သိချင်သည်။

"အွန်း....ညကဖုန်းဆက်ပြီး သီချင်းဖွင့်ထားတယ် သီချင်းလည်းဆုံးရော Good nightပြောပြီးဖုန်းချသွားတယ်"

ဘယ်လို......သီချင်းဖွင့်ပြတာလား?
NaNaအတွက် Hyungက ဖုန်းဆက်ပြီးသီချင်းဖွင့်ပြပြီး Good nightပြောရတဲ့အထိတောင်တဲ့လား?

Ashi....သူငယ်ချင်းအချင်းချင်းတောင်မနာလိုဖြစ်မိသည်။
ဘာလို့လဲ?
အရမ်းအလေးထားတဲ့Hyungလိုလူမျိုးရဲ့စိတ်ဝင်စားချင်ခံရတဲ့အတွက်လား?
ဒါမှမဟုတ် Hyungဆိုတဲ့ChanYeolရဲ့ ဖြစ်တည်မှုကြောင့်ပဲလား?

"ပြောရင်း အသက်ရှည်ဦးမယ်
ChanYeol Hyung ထိုင်"

Hyungက ကိုယ်နဲ့မသက်ဆိုင်တော့တဲ့ ကျောင်းထိတောင် NaNaကိုလာတွေ့တာလား?

"Hyung... NaNaကိုလာတွေ့တာလား"

ကျွန်​တော်မေးလိုက်မိတော့ NaNaကခုံအောက်က​နေ ခြေထောက်ကိုလာကန်​လေသည်။

SilentWhere stories live. Discover now