လမင်းကြီးရဲ့လမင်းလေး
At Dorm ....
Kai , Sehun နှင့် Chanyeol တို့
၃ယောက် လေ့ကျင့်ပြီး အပြန် Sofa ပေါ်၌
အနားယူနေစဉ် ~ Chanyeol တယောက်
မျက်နှာကို ရှုံ့ လိုက်ကာလက်ကောက်ဝတ်ကို
ဖိလိုက်သည်မို့ ~" yeol hyung ...hyung လက်က
တရက်တခြားပိုရောင်လာတယ်
ဆေးရုံပြကြည့်ပါလား ""ဟို puppy ကိုက်သွားတာလေ
ခုထိကိုမပျောက်ဘူး Kai ရဲ့ ""Hyung က တမင် မပျောက်အောင်
ထားထားတာမလား 😜""ငယ်လေး နော် ရိသဲ့သဲ့ လာမပြောနဲ့
အနာဘဲမပျောက်ချင်တာရှိမလား ""ဒါဆို ဘာလို့ဆေးပုံမှန်မလိမ်းတာလဲ "
"ဆေးသေချာလိမ်းရင်ပျောက်တာ
ကြာပေါ့နော့ Ooh Se "Kai က Sehun ကို မေးဆတ်ပြရင်း
အဖော်ညှိကာ Chanyeol ကို စလေတော့သည်"အဲ .. အဲ့ဒါကတော့ .. ငါမှ ဆေး
သေချာမထည့်တတ်တာ ""Yoda's puppy ကိုခေါ်ထည့်ခိုင်းပေါ့ "
" ph no: ပေးသွားတာပဲ "
" တော်ပါကွာ Company ရှေ့က
ဆေးခန်းလေးပဲသွားလိုက်တော့မယ် ""ဆေးရုံ ဘာလို့မသွားတာလဲ "
"ဟိုကောင်လေး ကိုက်သွားတာ
Fans တွေ သိတယ်လေကွာ"" စိတ်ပူတယ်ပေါ့ "
" ပူစရာလားကွာ ငါ့ .. ငါ့ fans တွေ စိတ်ပူ ...
ပူ နေမှာစိုး လို့ကွ.."စကားထစ်ကာ မလုံမလဲ ဖြေသည် ~
" ကျွန်တော် Kim Kai က
မယုံပါခင်ည ... မင်းရော Ooh Se ""Nope. .... "
"ကောင်စုတ်လေးတွေ ဒီတစ်ရက်လေး
နားရတာကိုလာရစ်နေကြတယ် ""ရင်ထဲကအမှန်တရားထုတ်ဖော်တယ်
လောက်လုပ်လိုက်ပါ ကျွန်တော်တို့က
နားလည်ပေးနိုင်ပါတယ် ဟဲဟဲ ""Yah ! Ooh Sehun "
"😝😝😝"
" Kai မင်း ဇာတ်ကားရိုက်တာဘယ်လိုနေလဲ "
Chanyeol တမင်
စကားလမ်းကြောင်းလွှဲသည်...
ရှက်လည်း ရှက်နေသည် ~ နားရွက်အဖျားတွေများ
ရဲလို့နေသည် ~ ဒီညီငယ်လေး ၂ ယောက်ရှေ့မှာ
ယောက်ျားလေးချင်း ချစ်သည့် အချစ်ကို
အလကားပါဟု ပြောခဲ့ဖူးသည်ကိုး ~