လမင်းကြီးရဲ့လမင်းလေး
ဟန်မြစ်ထဲကို ခုန်ချဖို့ အစကတည်းက အတွေးထဲ
မရှိတာ ... ဒီကောင်လေး သိပ်ချစ်ဖို့ကောင်းလွန်းသည်... Kai စိတ်ရှုပ်စရာ ကိစ္စ အားလုံး
ခေါင်းထဲကော အတွေးထဲကော မရှိတော့.. .
ခုချိန်သူ့အတွေးထဲရှိသည်က
ဒီကောင်လေး Do Kyung Soo နဲ့
နီးစပ်ချင်တာ ... ရသည့် နည်းလမ်းနှင့်
အပိုင်ချုပ်ရန် သူကြိုးစားသင့်သည် ~"မနေချင်တော့ဘူး ...
ဒီလောကကြီးမှာ စိတ်ရှုပ်လာပြီ ""အဲ့ကိစ္စလောက်နဲ့တော့ အသက်တော့ အဆုံးရှုံး
မခံပါနဲ့နော် ~Kyungie ပါ သေသွားလိမ့်မယ် ""ဘယ်လို "
"ဟုတ်တယ် ... Kai က Kyungie အသက်ပဲ
ကိုယ့်ကိုယ်ကို မသနားရင်တောင်
Kyungie ကို သနားပါ ""အပေးအယူရှိတယ် "
"ဘာ အပေးအယူလဲဟင်?"
ချစ်မိတော့ သူပြောသမျှ လိုက်လျော ပေးမည် ...
ဘာ အပေး အယူပါလိမ့်နော် ..
Kai ပြောသမျှ Kyungie အတွက်
ပျားရည်လို ချိုမှာပါ ... ဆေးခါးဆိုလည်း
မျက်နှာ တစ်ချက် မညှိုးပဲ သောက်လိုက်မှာပင် ~"ကိုယ် အခုတလော နေဖို့ စီစဉ်ပေးပါ ... "
"Dorm ကို မပြန်ဘူးလား? "
"မပြန်ဘူး မနေချင်ဘူး မိဘ အိမ်လည်း
မပြန်ချင်ဘူး ~ အဲ့တော့ မရှာပေးရင်လည်း
ရေထဲပဲ ခုန်ချလိုက်တော့မယ် ""အယ် .. မဟုတ်ပါဘူး
Kyungie အင်အားနဲ့ မရှာပေးနိုင်ပေမယ့် Kyungie အိမ်မှာတော့ လိုက်နေလို့ရပါတယ်
Kai အဆင်ပြေရင်ပေါ့ ""ပြေပါတယ် "
ချစ်တဲ့သူနဲ့ တစ်အိမ်တည်းနေရမှာ
အဆင်မပြေတာရှိပါ့မလားနော့ ..
က ပြီးတော့ကို လိုက်ဦးမှာ ... ကိုယ့် ရဲ့
ဘ၀ ကို အပြီးသတ် အပိုင်သိမ်းပေးပါ
Do Kyung Soo ရေ့ ~~"အဲ့ဒါဆို တက် "
Kyungsoo ဆိုင်ကယ် အနောက်
ထိုင်ခုံလေးကို ပုတ်ပြလိုက်သည် ~