လမင်းကြီးရဲ့လမင်းလေး
Other's Side ~~~
Kyungsoo မှာလိုက်သော ကြက်ကြော်ဝယ်
ပေးရန် KFC ဆိုင်ကို လာခဲ့သည် ~
ဆေးရုံ နှင့် သီးခြားစီရှိနေသည့် SM Ent: နှင့်
နီးသော ဆိုင်သို့ လာခဲ့မိခြင်းမှာ
စိတ်၏ စေစားမှုလား? ကံကြမ္မာ ရဲ့
ကောင်းမှုပေလား? Luhan ကြက်ကြော်ကို
မှာလိုက်သည် ~" ကြက်ကြော် တစ်ဘူးပေးပါ "
"Nae ခဏတော့စောင့်ပေးပါ "
"ရပါတယ် ခင်ဗျ .. ကျွန်တော့ကို
တစ်ပွဲအရင်ချပေးပါ ""Nae..ဟိုခုံလေးမှာထိုင်လို့ရပါတယ်ရှင့်"
"ဟုတ် ကျေးဇူး"
Luhan ကောင်တာမှ ကောင်မလေး
ညွှန်ပြသောထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်
လက်ထဲက Bubble Tea ခွက်ကလေးကို
ချကာ ဖုန်းပွတ်နေလိုက်သည်...Do Kyung Soo...
ဒီကောင်လေးကြောင့် ဘတ်ဂျက်ထိခိုက်နေပြီ
ဓာတ်ပုံတွေကလည်း မကုန်နိုင်မခမ်းနိုင် ...
ပုံလည်း မထပ်ဘူး ဘယ်က ဘယ်လို
စုထားမှန်းကို မသိဘူး
Kyungsoo ရဲ့ Stalker စွမ်းရည် ကိုတော့
ခြေကောလက်ကောလန်သည်.."ကိုယ် ဒီနေရာမှာ ထိုင်လို့ရမလား "
Luhan: ............
"ဟိတ် .. ကောင်လေး ... "
Luhan: .........
"ဘာပုံတွေကြည့်နေတာလဲ ~ပြပါဦး "
Sehun ကြက်ကြော်ဆိုင်ထဲ
စဝင်ကတည်းက ထောင့်ကျကျ နေရာလေးမှာ
ထိုင်နေသောLuhan ကို တွေ့လိုက်သည်
ထိုနောက် ကြက်ကြော်ဝယ်ပြီးချက်ချင်း
ပြန်မယ့်အစီအစဉ်ကိုဖျက်သိမ်းလိုက်သည်...ဒီနေ့ နားရက်လေ ... အကလည်းကျင့်ပြီးပြီ
ဟဲဟဲ ... တခါတည်း ဖွင့်ပြောပြီး
Date လုပ်လိုက်ရမလား.....မဖြစ်သေးပါဘူး ... တော်ကြာ Ooh Sehun မျက်နှာရူးလို့
ထင်သွားမှဖြင့် ဒုက္ခ.. ."ဘယ်လိုလူလဲဗျ ... "
Luhan အော်ရင်း ခေါင်းမော့ကာ
ရန်အတွေ့ Mask အောက်မှ မျက်နှာကြောင့် .."အယ်...Ooh Sehun "
" ရှူး တိုး တိုး "
"Lu ဖုန်းပြန်ပေး "