လမင်းကြီးရဲ့လမင်းလေး
Sehun အိပ်၍မပျော်ပါ... အိပ်ရာပေါ်
ဟိုဖက်လှိမ့် ဒီဖက်လှိမ့်ရင်း
အတွေးနယ်ချဲ့နေမိသည်
ညနေက Kai ကို ကြက်ကြော်သွားပေးတော့
Kai မျက်နှာမကောင်းတာကြောင့်
စိတ်မကောင်း....Lu လေး နဲ့တွေ့ခဲ့တဲ့အကြောင်းကိုလည်း
ကြွားချင်သည်... ရင်ခုန်ခဲ့ရကြောင်းပြောချင်သည်
ပြောရင်းနဲ့ Kyungsoo အကြောင်းပြောမိရင် Kai စိတ်မကောင်းဖြစ်ရုံသာရှိမည်မို့မပြောဖြစ်ပါ...ဟူး .... မသိတော့ဘူးကွာ ...
သမင်လေး ဆီဖုန်းဆက်ရမယ်...
♪ ♪ ✆ ♪ ♪ ✆ ♪ ♪ ✆ ♪ ♪ ✆ ✆
"yeoposaeyo ... "
"Lu လေး "
ခေါ်လိုက်သော နာမ်စားကြောင့် Luhan
Ph screen ကို ပြူးကြည့်လိုက်သည်...
" Ooh Sehun " ? မဖြစ်နိုင်တာ
သူလို Idol တစ်ယောက်က Xiao Luhan
ဆိုတဲ့ fanboy တစ်ယောက်ဆီ ညကြီး
ဖုန်းဆက်မည်တဲ့လား?"ဗျာ...ဘယ်သူလဲ? "
" ကိုကို လို့ပြန်ခေါ် "
တကယ်ကြီး Ooh Sehun ဟ 😳
အခုပဲ ည ၁၁ နာရီ ကျော်နေပြီ
ခုထိမအိပ်သေးဘူးလား? မျက်တွင်းတွေ
ချိုင့်နေတော့မှာပဲ ~~"ကိုကို "
"Lu လေး "
"မအိပ်သေးဘူးလား "
ပြန်ဖြေသည့် Luhan စကားတွေက
ကတုန်ကယင်...အသက်အောင့်ပြီး
မနည်းအားယူပြောနေရသည်
ရင်တွေခုန်နေသည်ကိုး..."အိပ်သေးဘူး Lu ကိုလွမ်းလို့ "
ဘုရား ... ဘုရား ... ဘယ်လိုစကားကြီးတုန်း ...
သတ်နေတာ ~ သတ်နေတာ ~ နဂိုကမှ
ချစ်ရလွန်းလို့ ရူးရပါတော့မယ် ဆိုတဲ့ လူကို ~~"ဗျာ "
"ကိုကို... Lu အသံလေး ကြားချင်လို့
ဖုန်းဆက်လိုက်တာ
Lu အခုဘာလုပ်နေလဲ ""Lu စာကျက်နေတာ "
"ကိုယ့်ကလေးလေး ပင်ပန်းနေပြီလား "
"စာမေးပွဲ နီးနေလို့ Kyungsoo
စာတွေလည်း ကူးပေးရင်း ""လာမယ့် Concert ကျရင်လာအားပေးနော် "