15

3.2K 310 7
                                    

လမင်းကြီးရဲ့လမင်းလေး


SM entertainment အ​ရှေ့က
ဆေးခန်း​သေး​သေး​လေး တွင်​ အရပ်​ရှည်​ရှည်
ခန္ဓာကိုယ်​ ကြီးကြီးကိုမှ အားမနာ ​ဆေးထည့်​တာ
ကို အ​သေ​အော်​​နေ​လေသူ Chanyeol ရယ်​ပါ

" အား ... အား ... "

"yeol ကလည်း အရမ်းအော်တာပဲ "

*ချစ်တယ်လေ နော် ... နော် *

....ဟူသောစကားကြားချင်၍သာ
Chanyeol မျက်စိမှိတ် ​​ကာ တမင် တကာ
အော်နေခြင်းဖြစ်သည် ...

" စပ်တယ် ... အား .... "

Chanyeol မျက်ရည်တွေပါ ဝဲပြီး
အော်တော့ Baekhyun တို့
မနေနိုင်မထိုင်နိုင် ... မင်းသားလုပ်​စားလို့ရ​နေပြီ

" ခဏလေး ပဲလေ ... အနာက
ကျက်နေပြီလေ တပတ်လောက်ရှိနေပြီကို "

....ပြောနေရင်း Chanyeol ၏
မျက်ရည်စလေးတွေကို လက်​​သေး​သေး​လေး​တွေ
နှင့်​ တယုတယ သုတ်ပေး​နေသည်...
Chanyeol သူ့ ကို သုတ်ပေးနေသော
လက်ချောင်းသွယ်သွယ်လေးတွေ
ကို ဆုပ်ကိုင်ကာ ....

" puppy ... "

" ဗျာ "

" ကိုယ့်အနာပျောက်သွားရင်မတွေ့ရတော့ဘူးနော် "

"အင်း "

၂ ယောက်သာ မျက်နှာများညိုးငယ်လျက်...
Baekhyun ဆို ​ခေါင်း​လေး ငိုက်​စိုက်​ကျ လျက်
ကိုယ်​တကယ်​အား​ပေးရတဲ့ Idol ပြီး​တော့
နှလုံးသားနဲ့ ရင်းပြီး ချစ်​မိသွားရတဲ့ သူကို
ဘယ်​လိုခွဲချင်​ပါ့မလဲ​နော်​ ~

" ကိုယ်က ထပ်​ပြီး တွေ့ချင်သေးတယ် "

" Yeollie သာ လာတွေ့ရင် ကျွန်​​တော်​က
အမြဲ အဆင်သင့်ရှိနေမှာပါ "

.... ဟုတ်သည် Chanyeol ကို ဆေးထည့်ရန် ခုလို မနက် ၅ နာရီ လည်း ဆေးခန်း
ထဖွင့်ပေးသူဖြစ်သည် ~

" ကျေးဇူးအရမ်းတင်တယ် puppy "

"  ...yeollie ခုလို အစောကြီးထတော့
နေ့လည် အိပ်မငိုက်ဘူးလား "

" ငိုက်တယ် "

" မအားတဲ့ကြားထဲက ဆေးပုံမှန်
လာထည့်ပေးတာ ကျေးဇူးပါ yeollie "

"ကိုယ်ကကျေးဇူးတင်ရမှာလေ "

Chanyeol ဆေးခန်းမှာ ဆေးထည့်ဖို့ Manager Hyung ကို
လေ့ကျင့်ခန်းလုပ်မည်ဟုပြောကာ အမြဲ
ထွက်လာခြင်းဖြစ်သည် ... ​ဆေးခန်းက Entertainment နဲ့ နီးတာမို့
Dorm က​နေ​တော့ အနည်းငယ်​​ပြေးရသည်​ ~

လမင်းကြီးရဲ့လမင်းလေး { Completed }Where stories live. Discover now