28

2.8K 298 50
                                    

လမင်းကြီးရဲ့လမင်း​လေး

ညသန်း​ခေါင်​ယံ ညဉ့်​ငှက်​တို့​ပျော်​မြူးချိန်
အိပ်​၍မ​ပျော်​​သော လူသားအချို့ ရှိခဲ့သည်
ထိုသူများသည်​ ကိုယ့်​အကျိုးအတွက်​ မဟုတ်
ကိုယ်​ချစ်​​သောသူများ၏ အကျိုးကို ​ဆောင်​မည့်
သူများသာ ... ထိုသူများသည်
တစ်​စုတစ်​စည်းတည်း သို့​သော်​လည်း တစ်​​နေရာတည်း မဟုတ်​ Laptop တစ်​လုံး သို့မဟုတ်​ Phoneတစ်​လုံးစီ ၏ အ​ရှေ့တွင်​ဖြစ်​သည်​ ...

Dika Fans Club ♡

concert အပြီးတွင်​ Kai ၏ ph ringtone သည်​ Kaiotic များအကြားတွင်​ နျူးကလီးယား ဗုံးတစ်​ခု​ပေါက်​ကွဲသလိုဆင့်​ပွား ဆင့်​ပွား
နာမည်​​ကျော်​ကြားခဲ့သည်​ ..Kyungsoo
တို့​ကျောင်းက ​ထောင်​ထားသည့်
Dika Fans Club နှင့်​ ချိတ်​မိ
သွားသည့်​အခါ member အ​ရေအတွက်
များစွာတိုးပွားလာခဲ့သည်​ ... Kai Dating 
ကြောင့်​ ​ကြေကွဲ ကြသူများထဲ ထိပ်​ဆုံးက
ပါဝင်​​ပေမယ့်​ ထိုသတင်းကို မယုံကြည်​ ...
Kai ၏ နှုတ်​ ..Kai ၏ စကား ...
Kai ၏ အပြုအမူများကိုသာ ယုံကြည်​ခဲ့သည်​ ...

ထို့​နောက်​ Kyungsoo ၏ Kai အ​ပေါ်
ထား​သော အချစ်​ .... ထိုအချစ်​၏ ထုထည်​ကိုကာယကံရှင်​လောက်​မသိနိုင်​​ပေ​သော်​ငြားလည်း
ထပ်​တူနီးပါး ခံစားမိခဲ့သည်​ ...

ထို​နေ့ညက Fans Club ၏
အစည်းအ​ဝေး အဆုံးအဖြတ်​အရ
Kai နှင့်​ Kyungsoo သာ အမှန်​တကယ်
ချစ်​​နေသည်​ ဆိုလျှင်​ Kai ကို ခိုးပြီး Kyungsoo နဲ့ ​လက်​ထပ်​​ပေးရန်​ ဆုံးဖြတ်​ချက်​ ချခဲ့သည်​~

လမင်းကြီးရဲ့လမင်း​လေး

နှစ်​ခြိုက်​စွာ အိပ်​​ပျော်​ခဲ့သည်​မို့
စိတ်​အစဉ်​ကလည်း ကြည်​လင်​​နေသည်
သူ့​ဘေးနားမှာ​တော့ အိပ်​​ပျော်​​နေ​သော
ပင်​ကွင်း​ပေါက်​စ​လေး ...
အိပ်​​နေတာ​လေးက ​ကွေး​ကွေး​လေး ..

Aigoo အသည်းယားလိုက်​တာ ...

ညကျ ​တော်​​တော်​နဲ့ အိပ်​မ​ပျော်​ဘူးထင်​ပါရဲ့
အင်း​လေ...ဖြစ်​​လောက်​ပါတယ်​ ...
ကိုယ်​ချစ်​တဲ့သူက ကိုယ့်​ကိုဖက်​ပြီး
အိပ်​​နေမှ​တော့ အိပ်​မ​ပျော်​သည်​က
အဆန်း​တော့မဟုတ်​ ... မှိတ်​စဉ်း​နေ​သော
မျက်​ခွံ​လေးကို သူ့နှုတ်​ခမ်း​လေးနဲ့ ဖိကပ်​ပြီး
နမ်းလိုက်​သည်​ ~ဆံပင်​​ပျော့​ပျော့​လေးများကို
နဖူး​လေး​ပေါ်​အောင်​ သပ်​တင်​​ပေးလိုက်​သည်​ ...

လမင်းကြီးရဲ့လမင်းလေး { Completed }Where stories live. Discover now