27

2.9K 309 6
                                    

လမင်းကြီးရဲ့လမင်း​လေး

Kyungsoo တစ်​​ယောက်
မီးဖို​ချောင်​ထဲ ဘယ်​ပြန်​ညာပြန်​ လမ်း​လျှောက်
ရင်း ​ရေခဲ​ရေ တစ်​ခွက်​ကို ခပ်​မြန်​မြန်
မော့ချလိုက်​သည်​ ...

Kyungie ဒီ ည အိပ်​လို့မှ​ပျော်​ပါ့မလား ..

ရင်​ခုန်​သံ​တွေက တလှပ်​လှပ်​.....
နှလုံးခုန်​သံ​တွေက ဆူညံဆူညံ .....
အသက်​ရှူ လို့က လုံးဝ မ၀​တော့ .....
Kai ရဲ့ ​နောက်​ပိုင်း ကိစ္စ ​တွေက
ဘယ်​လို​တွေ ဖြစ်​လာဦးမလဲ ဆိုတာ
Kyungie မစဉ်းစားနိုင်​​သေး ...
လော​လောဆယ်​ Kai ​ရှေ့ Kyungie
ဘယ်​လို ​နေရမလဲဆိုတာ စဉ်းစား၍မရ ...

ရှက်​စိတ်​ဖြင့်​ Kai ​ပေးတဲ့
Fan service ကို မငြင်းနိုင်​ ...
ကိုယ်​တိုင်​ကလည်း လက်​ခံချင်​သလို ...
Kai ကလည်း ဟန်​မြစ်​ထဲ ခုန်​ချမယ်​လို့
ပြောထားတယ်​ မဟုတ်​လား ~[
Kai ဒီအိမ်​မှာ ​နေ​ ​နေသ​ရွေ့
သူ့အ​နေနဲ့ ​ဘေးက​နေ အမြဲ အား​ပေး​နေရမှာ
မဟုတ်​လား.....

Kyungie စိတ်​တင်းကာ အ​ပေါ်ထပ်​ပြန်​တက်​လာခဲ့သည်​ ..အခန်းထဲ ၀င်​လိုက်​​တော့
ဝက်​၀ံရုပ်​ ကုတင်​ ၂ လုံးကို ကပ်​လျှက်
တွေ့လိုက်​ရသည်​ ...​စော​စောက Luhanကော Sehun ပါရှိ​နေ၍ သိပ်​မသိသာ ... အခု​တော့
နှစ်​​ယောက်​တည်း ~~  ညအိပ်​ရမှာ​တောင်
ရှိန်းတိန်းဖိန်းတိန်း ...ဘယ်​လိုလုပ်​ရပါ့ ...
ငါ​နော်​ ...

"Kyungie"

"အမ်​ ... အင်း ...အင်း ...Kai "

"မအိပ်​​သေးဘူးလား "

"Kyungie စာကြည့်​"

"စာ​မေးပွဲ က ပြီးသွားပြီ မဟုတ်​ဘူးလား "

"ဟုတ်​ ..ဟုတ်​သား ..​မေ့လို့ 😁 "

Kyungsoo ခုန်​​သော ရင်​ဘတ်​​ကြောင့်
စကား​တွေက အစီအစဉ်​ မကျ
က​ဘောက်​တိက​ဘောက်​ချာ ...
အရှက်​​ပြေ သွားဖြီးပြရင်း ဂုတ်​သားကိုသာ
ပွတ်​​နေမိသည်​...

"Kai အိပ်​ချင်​​နေရင်​ အိပ်​​တော့​လေ
Kyungie ​ရေချိုးလိုက်​ဦးမယ်​ "

"အွန်း ~~"

Kai စဉ်းစားမိသည်​က ...သူဟာ Kyungie
အတွက်​ ၀န်​ထုပ်​၀န်​ပိုးဖြစ်​​စေမိပြီလား ...
သူလည်း ဘာဆက်​လုပ်​ရမှန်း မသိဘဲ
လုပ်​မိလုပ်​ရာ လုပ်လာတာ ....ဒီအ​ပေါ်မှာ
သူကိုယ်​တိုင်​လည်းသာယာမိ​နေတာအမှန်​ပင်​ ....

လမင်းကြီးရဲ့လမင်းလေး { Completed }Where stories live. Discover now