လမင်းကြီးရဲ့လမင်းလေး
Kyungsoo မနက်အိပ်ရာနိုးလာတော့ ...
အဟိ ... Kai ဆီဖုန်းဆက်ရမယ်
မနေ့ညကမောပြီး အိပ်ပျော်သွားတာ ...
ခုဆက်မယ် ခုဆက်မယ် ... မနက်ခင်းလေးက သာယာလိုက်တာ ...ဖုန်းလေးဖွင့်ပြီး internet ဖွင့်ကြည့်လိုက်တော့ Kyungsoo မျက်လုံးအစုံ ပြူးကျယ်သွားခဲ့
သည် ..Shock အကြီးကြီးလည်းရသွားသည် ...Kai Dating တဲ့ ....
Kyungie မယုံချင်ပါ ...
သို့သော်လည်း ဓာတ်ပုံ တွေနဲ့ ဆိုတော့ ..
F(x) က Krystal noona နဲ့ Kai က
Kyungie သိသလောက်
သူတို့က သူငယ်ချင်း လေ. ....
ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ?
တက်လာသမျှ သတင်းတွေကလည်း
ငယ်သူငယ်ချင်းသံယောဇဉ် ကနေ စခဲ့တယ်
ဆိုတော့.. .Kai ရေ ...
Kyungie ယုံရမှာလားဟင်?...
အိပ်ရာလေးပေါ် သတိလွတ်ကင်းစွာ
ထိုင်နေမိသည်မှာ အချိန် ဘယ်လောက်ရှိနေပြီ မသိ ..မျက်လုံးတွေက တောင်စဉ်ရေမရ
ဟိုကြည့်လိုက်သည်ကြည့်လိုက် ...
မျက်ရည်များကတော့ ဆို့နင့် ပြီး
တစ်စက်မှထွက်မလာ ... .
ဒါဟာ တကယ်လား....
တကယ်မဟုတ်ဘူးမဟုတ်လား ....ထိုမေးခွန်းသာထပ်ခါထပ်ခါ ...
တော်ပြီ မတွေးတော့ဘူး ..
Kyungie မေ့ပစ်လိုက်ပြီး
ခဏတော့အိပ်လိုက်ဦးမယ် Kai ရယ် ...အရမ်းပင်ပန်းလို့ ..
ဒီရင်ဘတ်ထဲက အရမ်းနာကျင်လို့ ...
နှလုံးသား လေး အရမ်းပင်ပန်းနေလို့
ခဏ အနားပေးလိုက်ဦးမယ် ...
အိပ်ပြီးလို့ ပြန်နိုးလာရင် အရင်အတိုင်းပြန်
ဖြစ်သွားမှာပါ ဟုတ်တယ်မလားဟင် ... Kaiရယ်ဒါအိမ်မက်ပဲ ဖြစ်မှာပါ.. .
Kyungie အချစ်တွေကို
မိုးနတ်မင်းကြီးက စမ်းသပ် တာနေမှာပါ ...
ဒီလိုရူးမိုက်တဲ့ အလုပ်မျိုးမလုပ်ချင်ပေမယ့် Kyungie အိပ်မှ ဖြစ်မှာမို့ ဆေးသောက်မှ
ဖြစ်တော့မယ် .. Kai ရယ် ..
အိပ်မပျော်မှာစိုးလို့ Kyungie လိုတာထက်နည်းနည်းပိုသောက်လိုက်တယ် ... Kyungie ပြန်နိုးလာမှာပါ ... ခဏပဲ အိပ်မယ်နော် ~