*Your Creator* (မင်းရဲ့ ဖန်ဆင်းရှင်)
>>> >>> မင်းရဲ့ အပြုံး
မင်းရဲ့ အမုန်း
မင်းရဲ့ မျက်ရည်
မင်းရဲ့ စိတ်
မင်းရဲ့ ပျော်ရွှင်မှု
မင်းရဲ့ ဝမ်းနည်းမှု
နောက်ဆုံး မင်းရဲ့ ဖြစ်တည်မှု အထိ ငါကပဲ ဖန်ဆင်းရတဲ့သူ ဖြစ်ရမယ် <<<<<<<<<<<'kai ထလေ . . . ကျောင်းသွားရမှာ နောက်ကျနေပြီ'
*မနေ့ညက သူကို surpriseလုပ်ချင်လို့ ညလုံးပေါက် ကြိုးစားလုပ်ထားတာကြောင့် အိပ်ရေးမဝဖြစ်နေပါတယ်ဆိုနေ ကျောင်းသွားမလို့ လာနိုးနေတယ် ပြက္ခဒိန်မကြည့်ဘူးးလား မသိဘူး ဒီဂျပုတော့ *
kai စိတ်ပေါက်ပေါက်နဲ့ သူဘေးနားလာပွမ်နေတဲ့ dyoကို အိပ်ရာပေါ် ဆွဲချလိုက်ကာ dyoကိုယ်လုံးလေးကို လှုပ်မရအောင် အနောက်ကနေ သိုင်းဖက်ပြီး ခြေထောက်နဲ့လည်း ခွထားကာ
'အခုမှပဲ ဇိမ်ရှိတယ် လူသားဖက်လုံးလေးက အိနေတာပဲ ညတိုင်း ဖက်အိပ်ရရင် ကောင်းမယ်'
kaiရဲ့ ဝင်သက်ထွက်သက်လေတွေက နားကို လာရိုက်ခတ်နေတာကြောင့် dyoရင်တွေ တုန်လာကာ
'ဟို . .ဟိုလေ kai အခုမထရင် ကျောင်းနောက်ကျ .'
'ရှူးးးး dyo မင်းပြက္ခဒိန်မကြည့်ဘူးလား ဒီနေ့က 25ရက်နေ့လေ ဖွင့်တဲ့ကျောင်း ရှိလို့လား'
'25??? အယ် ဟုတ်သားးး dyoမေ့သွားတာ'
'အဖိုးအိုပေါက်စလေးပဲ '
'kai ဆက်အိပ်လေ dyo . . အနှောင့်အယှက်မပေးတော့ဘူးးး'
' မလှုပ်နဲ့ ဒီအတိုင်းလေးပဲ နေ
ငါအိပ်ပျော်နေပြီ'*အိပ်ပျော်နေတဲ့သူကလည်း အိပ်ပျော်နေပြီ ဟြေတာပဲလားးး*
စိတ်ထဲက အတွန့်တက်မိပေမဲ့ အပြင်မှာတော့ kaiအမိန့်အတိုင်း ရင်ခွင်ထဲမှာ ငြိမ်သက်နေခဲ့တယ် . . .
နှင်းတွေ တဖွဲဖွဲကျနေတဲ့ လှပတဲ့ Christmasမနက်ခင်းလေးဟာလည်းး အေးချမ်းစွာ အိပ်စက်နေတဲ့ ကောင်လေးနှစ်ယောက်နဲ့အတူ အသက်ဝင်လှုပ်ရှားနေခဲ့တယ် . . . . .
မိနစ်အနည်းငယ်ကြာတော့ ကျောပေးထားခဲ့တဲ့ dyoက kaiရင်ခွင်ဘက် လှည့်ကာ တိုးဝင်အိပ်စက်နေခဲ့တယ်
သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်အိပ်နေတဲ့ dyoမျက်နှာလေးကို kaiကြည့်ရင်းးး

YOU ARE READING
Your Creator (မင်းရဲ့ ဖန်ဆင်းရှင်) || COMPLETED ||
RomanceKim Kai & Dyo Dyo (yaoi) ' You are mine. Always be my side. Never let you go in my heart.'