*Your Creator* (မင်းရဲ့ ဖန်ဆင်းရှင်)
** Kinomiya Shrine ဘုရားကျောင်းမှာ ဆုတောင်းခဲ့တဲ့ . . ကျွန်တော်ရဲ့ ဆုတောင်းလေး ပြည့်သွားခဲ့ပြီ . . .
** ကျွန်တော်ရဲ့ ကမ္ဘာလေးကို သူကပဲ အရာရာ ဖန်ဆင်းပေးထားတာ . . သူမရှိရင် ကျွန်တော့် ကမ္ဘာလည်း မရှိတော့ဘူး . . .
.
.
ကားတစ်စီးသည် . အခြားကားတွေလို လမ်းမပေါ်မှာ မောင်းနှင်လာရာကနေ လူသွားပလက်ဖောင်းဘက်ကို ဦးတည်လာခဲ့သည် ။တီ!!!!!!!
ဘရိတ်ဖမ်းလို့ မရတဲ့ကားဆီက ထွက်ပေါ်နေတဲ့ ဟွန်းသံက အဆက်မပြတ် . . ပတ်ဝန်းကျင်တစ်ခုလုံး . . ဆူညံနေခဲ့သည် ။
kaiရဲ့ အာရုံကလည်း အဲကားဆီကို ရောက်ရှိသွားခဲ့သည် ။
ကားရဲ့ ဦးတည်ရာ လမ်းကြောင်းပေါ်မှာ ရှိနေတာက သူ . . ဒါပေမဲ့ သူနဲ့ ကားကြားမှာ ရှိနေတာက . . . ရေခဲမုန့်လေး ကိုင်ထားတဲ့ ကလေးငယ်လေးတစ်ဦး . . .
kai ကလေးရှိရာကို ပြေးသွားကာ . . ကလေးငယ်ကို ကောက်ချီလိုက်တုန်းးး . . ကားကို ရှောင်ဖို့အတွက် အချိန်မလုံလောက်တာကြောင့်
ကလေးငယ်ကို မထိခိုက်အောင် . . ကလေးငယ်ကို ရင်ခွင်ထဲထည့်ကာ . . ကားကို ကျောပေးရပ်လိုက်တုန်းး . . ခံစားလိုက်ရတာက တစ်စုံတစ်ယောက်ရဲ့ အဝေးကို တွန်းထုတ်မှုကိုပါ . . . .ဘုန်း!!!!
ဆိုတဲ့ တစ်စုံတစ်ခုကို တိုက်မိသံရဲ့နောက် . .
ဒုန်း!!!!!!!
ဆိုပြီး မီးပွိုင့်တိုင်ကို ဝင်တိုက်ကာ ကား ရပ်တန့်သွားခဲ့သည် ။
-
-
kai သူရင်ခွင်ထဲက ကလေးငယ်ကို ကြည့်လိုက်တော့ ပွန်းပဲ့ဒဏ်ရာအသေးစားလေးက လွဲ၍ ကျန်တာ မထိခိုက် . . . .သူ မြင်လိုက်ရတာက သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ လဲကျနေတဲ့ လူတစ်ယောက် . .
'dyo??'
မဖြစ်နိုင်ဘူးး . . dyo မဖြစ်ပါစေနဲ့ လို့ ဆုတောင်းရင်း kai ပြေးသွားခဲ့ပေမဲ့ . . ဆုတောင်း မပြည့်ခဲ့ . . . . သွေးအိုင်ထဲ လဲကျနေသူက သူရဲ့ dyo dyo ဖြစ်နေခဲ့သည် ။
ဒူးထောက်ချကာ သွေးအလိမ်းလိမ်း ပေကျံနေတဲ့ dyo ကိုယ်လုံးလေးကို kai ပွေ့ဖက်ထားရင်းး

YOU ARE READING
Your Creator (မင်းရဲ့ ဖန်ဆင်းရှင်) || COMPLETED ||
RomanceKim Kai & Dyo Dyo (yaoi) ' You are mine. Always be my side. Never let you go in my heart.'