Episode.22

3.3K 348 27
                                    

*Your Creator* (မင်းရဲ့ ဖန်ဆင်းရှင်)

:::::::::::::::::::: မင်းက သိပ်ချစ်တတ်ပေမဲ့ အတ္တကြီးလွန်းတယ်ဟာ . . .

ငါအတ္တကြီးတာ မဟုတ်ပါဘူးး . . .
ငါ သိပ်ချစ်တတ်တာကို . .
မင်း သိအောင် ငါ ထုတ်ပြတတ်တာပါ ::::::::::::

kaiရဲ့ အဖွားအိမ်ကနေ ပြန်တဲ့အခါ
dyoကို ကားနဲ့ ပြန်ခိုင်းပြီး  kaiကတော့ သူ ဒီအတိုင်း လမ်းလျှောက်ချင်တယ်ဆိုပြီး . . အရင် ထွက်သွားခဲ့တယ် ။  dyoလည်း kaiကို တစ်ယောက်တည်း စိတ်မချတာနဲ့ . . ကားကို အဖွားအိမ်မှာ ထားခဲ့ကာ kai နောက်ကို လိုက်သွားခဲ့တယ် . .

အခုတော့ kaiနဲ့ dyo dyo သူတို့နှစ်ယောက် လမ်းမထက်မှာ ရှေ့ဆင့် နောက်ဆင့်နဲ့ လျှောက်နေကြသည် ။

ommaဖြစ်သူရဲ့ စကားတွေကြောင့် kai ဝမ်းနည်းနေတယ်ဆိုတာ dyo သိတာကြောင့် . . ဘာစကားတစ်ခွန်းမှ မဟြေဘဲ kaiနောက်ကနေ dyo အသာလေး လိုက်ပါခဲ့သည် ။

kaiကတော့ သူအတွေးနဲ့သူမို့ dyoပါလာတာကို . . သတိမထားမိချေ။

jongin လှမ်းတဲ့ ခြေလှမ်းအတိုင်း အနောက်ကနေ kyung soo လိုက်လှမ်းနေခဲ့သည် ။

kai ခြေထောက်တွေကိုသာ dyo ကြည့်ရင်း အနောက်ကနေ  . . . ကပ်လျှောက်နေတုန်း ရုတ်တရက် kaiက ရပ်လိုက်တာကြောင့် dyoရဲ့ နဖူးနဲ့ kaiရဲ့ ကျောပြင်တို့ . . . .  မိတ်ဆက်သွားခဲ့သည် ။

'dyo??? . . အိမ်မပြန်ဘူးလား'

သူကို အနောက်ကနေ ဝင်တိုက်တဲ့သူကို လှည့်ကြည့်လိုက်တော့ dyo ဖြစ်နေတာကြောင့် kai အံသြသွားခဲ့တယ် ။

'kaiကို စိတ်မချလို့ . . လိုက်လာခဲ့တာ . . အနှောင့်အယှက် ပေးမှာ မဟုတ်လို့  . . မရှိသလို သဘောထားပြီး ဆက်လျှောက် . . dyoက kaiအနောက်ကနေ လိုက်ပြီး . . စောင့်ရှောက်ပေးမယ် '

သူကိုယ်သူ ရင်ဘတ်ကို ပုတ်ပြရင်း ဟြေလာတဲ့ dyoကြောင့် kai ပြုံးမိသည် ။

~ dyoသာလျှင် သူကို ဘယ်အခြေအနေပဲ ဖြစ်ဖြစ် ပြုံးရယ်အောင် လုပ်နိုင်သူပါ ~

dyoကိုယ်လုံးလေးကို kai ရင်ခွင်ထဲ ဆွဲယူပြီး ထွေးပွေ့ထားလိုက်တယ် ။

'အစောကြီးတည်းက ဒီလိုလုပ်ရမှာကို . . မသိလိုက်ဘူး'

dyo ပုခုံးလေးအပေါ် ခေါင်းလေးတင်ပြီး ဟြေလိုက်တော့ ဝင်သက်လေ ထွက်သက်လေက dyoနားကို ပူနွေးစွာ ထိတွေ့စေသည် ။

Your Creator (မင်းရဲ့ ဖန်ဆင်းရှင်) || COMPLETED || Место, где живут истории. Откройте их для себя