*Your Creator* (မင်းရဲ့ ဖန်ဆင်းရှင်)
** Kinomiya Shrine ဘုရားကျောင်းမှာ ဆုတောင်းခဲ့တဲ့ . . ကျွန်တော်ရဲ့ ဆုတောင်းလေး ပြည့်သွားခဲ့ပြီ . . .
** ကျွန်တော်ရဲ့ ကမ္ဘာလေးကို သူကပဲ အရာရာ ဖန်ဆင်းပေးထားတာ . . သူမရှိရင် ကျွန်တော့် ကမ္ဘာလည်း မရှိတော့ဘူး . . .
.
.ကားတံခါးကို ဆွဲဖွင့်ကာ ငိုနေတဲ့ dyo လက်လေးကို ဆွဲယူပြီး နံဘေးမှာ kai ဒူးထောက် ထိုင်လိုက်တော့ . . စီယာတိုင်ပေါ် မှောက်ကာ ငိုနေတဲ့ dyoက kai ဘက်ကို လှည့်ကြည့်တော့မှာ . . dyo မျက်နှာလေးကို kai မြတ်နိုးစွာ မော့ကြည့်ရင်း . . .
'ကျေးဇူးပဲ !'
သူကိုင်ထားတဲ့ dyo လက်ဖမိုးကို လက်မလေးနဲ့ ခပ်ဖွဖွ ပွတ်ရင်း . . ကျန်လက်တစ်ဖက်ကလည်း dyo ပါးပြင်လေးဆီ လှမ်းကာ . . မျက်ရည်လေးတွေကို သုတ်ပေးကာ kai စကားဆိုလာခဲ့သည် ။
dyoကတော့ kai ကိုသာ ကြည့်နေခဲ့သည် ။
'ကျေးဇူးပဲ . . ကို့ကို ထားခဲ့ပြီး . . ထွက်မသွားလို့ . . အမှန်တော့ ကိုယ် ကြောက်နေခဲ့တာ . . . ကိုယ်တားနေပေမဲ့ . . dyoက နားမထောင်ဘဲ dyo ကားမောင်းထွက်သွားခဲ့ရင်ဆိုတဲ့ အတွေး . . အဲအချိန်ကျရင် ကိုယ် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတွေ . . . တစ်ချိန်လုံးး ခေါင်းထဲ ဝင်နေခဲ့တာ'
မျက်ရည်တွေ ကျလာတာကြောင့် kai ခေါင်းငုံ့လိုက်တော့ dyoရဲ့ လက်လေးက သူ့ပါးပြင်ကို ထိတွေ့လာပြီး မျက်ရည်လေးတွေကို သုတ်ပေးရင်း
'ဒါပေမဲ့ dyo ထွက်မသွားခဲ့ဘူးလေ . . အခု အနားမှာ ရှိနေတာပဲ . . မငိုနဲ့တော့ . . ရုပ်ဆိုးနေပြီ '
သူလက်ကို ဆုပ်ကိုင်ထားတဲ့ kaiလက်ကို ပြန်လည် တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ဟြေလိုက်တော့ . .
'ခင်ဗျားလေးလည်း ငိုနေတာပဲလေ . . သူကျ ရုပ်မဆိုးဘူးများ ထင်နေလား မသိဘူး'
'အဲတော့ . . . . ရုပ်ဆိုးတယ်ဆိုပြီး မချစ်တော့ဘူးပေါ့လေ . . ဟုတ်လား '
မျက်နှာ စူပုတ်ပုတ်နဲ့ dyoက ဟြေလာတော့ . .
kai ဒူးထောက်နေရာကနေ နည်းနည်း မတ်လိုက်ကာ . . ကားထဲမှာ ထိုင်နေတဲ့ dyo ကိုယ်လုံးလေးကို သိုင်းဖက်လိုက်ပြီး . .
BẠN ĐANG ĐỌC
Your Creator (မင်းရဲ့ ဖန်ဆင်းရှင်) || COMPLETED ||
Lãng mạnKim Kai & Dyo Dyo (yaoi) ' You are mine. Always be my side. Never let you go in my heart.'