Episode.19

3.4K 362 31
                                    

*Your Creator* (မင်းရဲ့ ဖန်ဆင်းရှင်)

:::::::::::::::::::: မင်းက သိပ်ချစ်တတ်ပေမဲ့ အတ္တကြီးလွန်းတယ်ဟာ . . .

ငါအတ္တကြီးတာ မဟုတ်ပါဘူးး . . .
ငါ သိပ်ချစ်တတ်တာကို . .
မင်း သိအောင် ငါ ထုတ်ပြတတ်တာပါ ::::::::::::

ကိုယ့်အခန်းထက် သူအခန်းဆီမှာသာ အနေများနေခဲ့လို့ အနေမစိမ်းပေမဲ့ . . ခရီးက ပြန်မရောက်ခင်ကပဲ အမေတို့ ရွေ့ပေးထားတဲ့ ကျွန်တော့်ရဲ့ ပစ္စည်းတွေကြောင့်ရော မင်္ဂလာဦးအခန်းအဖြစ် ပြင်ဆင်ထားတဲ့ အပြင်အဆင်တွေကြောင့်. . . အနည်းငယ် စိမ်းနေသလိုတောင် ခံစားမိတယ် . .

*ကိုယ်ရဲ့ အထီးကျန်ဆန်နေတဲ့ အိမ်ကြီးသခင်လေးကို ငယ်ငယ်တည်းက အဖော်ပြုပေးရင်း တိတ်တခိုး ချစ်ခဲ့မိတာ. . အခုတော့ သူရဲ့ တရားဝင်ပိုင်ရှင် ဖြစ်ခဲ့ရပြီပေါ့*

အခန်းကို ငေးမောကြည့်နေမိတုန်း အနောက်ကနေ ခါးကို သိုင်းဖက်လာကာ

'ဘယ်လိုလဲ သဘောကျရဲ့လား dyo'

စကားဟြေတဲ့အခါ  လည်ပင်းမှာ လေငွေ့နွေးနွေး ရိုက်ခတ်လာသည်ကို ခံစားရသည့်အထိ . . နီးကပ်လာတဲ့ သူရဲ့ နှုတ်ခမ်းတစ်စုံကြောင့် အကြောင်းအရင်း မရှိ ရင်တွေက ခုန်လာခဲ့ပြန်သည် ။

ခပ်ဖွဖွ ကျရောက်လာတဲ့ အနမ်းလေးတွေကြားကနေ ရုန်းထွက်ကာ

'dyo ommaတို့ကို သွားနှုတ်ဆက်လိုက်အုန်းမယ် . . kai အဝတ်အစားလဲပြီးမှ နောက်က လိုက်ခဲ့နော်'

dyoလက်မောင်းကို kai လှမ်းဆွဲလိုက်တော့ . . အခန်းထဲက ထွက်ဖို့လုပ်နေတဲ့ dyoက kaiဘက်ကို ပြန်လှည့်လာကာ

'kai ဘာလို့လဲ '

'dyo မိဘတွေ ဒီမှာ မရှိတော့ဘူးး. .'

'kai . . ဘာတွေ ဟြေနေတာလဲ နောက်နေတာလား. . . ommaတို့က dyo ငယ်ငယ်တည်းက ဒီမှာ နေနေတာလေ. . သူတို့က ဒီမှာ မရှိရင် ဘယ်ကို သွားမှာလဲ'

'သူတို့ မွေးရပ်မြေ . . ဂန်ဝန်ဒိုဆီ ပြန်သွားပြီ . .'

'မဖြစ်နိုင်တာ !'

dyo အခန်းထဲကနေ ပြေးထွက်ပြီး ခြံထဲ ပြေးဆင်းကာ သူတို့နေခဲ့တဲ့ အဆောင်လေးဆီ ပြေးကြည့်တော့ သော့ခတ်ထားတဲ့ တံခါးကိုသာ တွေ့လိုက်ရတယ် . .

Your Creator (မင်းရဲ့ ဖန်ဆင်းရှင်) || COMPLETED || Tahanan ng mga kuwento. Tumuklas ngayon