*Your Creator* (မင်းရဲ့ ဖန်ဆင်းရှင်)
:::::::::::::::::::: မင်းက သိပ်ချစ်တတ်ပေမဲ့ အတ္တကြီးလွန်းတယ်ဟာ . . .
ငါအတ္တကြီးတာ မဟုတ်ပါဘူးး . . .
ငါ သိပ်ချစ်တတ်တာကို . .
မင်း သိအောင် ငါ ထုတ်ပြတတ်တာပါ ::::::::::::dyo ငိုနေရင်းနဲ့ အိပ်ပျော်သွားခဲ့ပြီးနောက် အခန်းတံခါးလေး ပွင့်လာကာ ခြေလှမ်းတစ်စုံ အခန်းထဲ ဖြည်းညင်းစွာ ဝင်လာခဲ့သည် ။
ကုတင်ခြေရင်းနားလေးမှာ ခွေခွေလေး အိပ်ပျော်နေသော dyoကို kai အသာလေး ပွေ့ချီကာ ကုတင်ထက်မှာ သေချာ နေရာချပေးပြီး . .နံဘေးမှာ ဝင်ထိုင်ကာ . . dyo နဖူးထက်မှာ ကျနေတဲ့ ဆံနွယ်လေးတွေကို သပ်တင်ပေးပြီး ညင်သာစွာ အနမ်းလေး ခြွေလိုက်သည် ။
'တောင်းပန်ပါတယ် dyo . . ကိုယ် မင်းကို မျက်ရည်ကျအောင် လုပ်မိပြန်ပြီ . . . ကူးစက်နိုင်တဲ့ ရောဂါမှန်း သိရက်နဲ့တော့ . . မင်းကို မလွှတ်နိုင်ဘူး. . အဲဒါက မင်းအတွက်တော့ ကိုယ်ရဲ့ အတ္တကြီးမှုလို့ သတ်မှတ်နိုင်တယ်. . . ကိုယ့်အတွက်ကတော့ . . မင်းကို သိပ်ချစ်တဲ့အတွက် ကာကွယ်ပေးတာလို့ပဲ . . သတ်မှတ်ထားတယ်. သိပ်ချစ်တယ် dyo'
dyoနဖူးထက်ကို အနမ်းလေး ပေးနေရင်း မျက်ဝန်းထက်က လိမ့်ဆင်းလာတဲ့ မျက်ရည်စက်က dyo ပါးပြင်ပေါ် ကျဆင်းကာ အိပ်စက်နေတဲ့ dyoမျက်ဝန်းကနေ ကျဆင်းနေတဲ့ မျက်ရည်စက်နဲ့ ပေါင်းစည်းသွားခဲ့သည် ။
*မင်းအချစ်က အစွန်းရောက်နေပြီ kai*
••••••••••••••••••••••••••••••••••••••••••••••••••
လမ်းထိပ်က စတိုးဆိုင်ရဲ့ ကောင်တာမှာ kai ငွေရှင်းဖို့အတွက် စောင့်နေတာ စိတ်မရှည်တော့ . . . အရှေ့မှာလည်း လူသုံးယောက်လောက် ကျန်သေးတယ် . .
dyoက မနက်ဆို နွားနို့သောက်လေ့ရှိလို့ . . အိမ်မှာလည်း ကုန်နေတာနဲ့ . . dyo အိပ်ရာက မနိုးခင် လာဝယ်ခြင်း ဖြစ်တယ် . . .
သူအလှည့်ရောက်လို့ ငွေရှင်းပြီး ဝန်ထမ်းဆီက ပြေစာရတာနဲ့ kai အိမ်ကို အပြေးပြန်လာခဲ့သည် ။
dyoကို သူစိတ်မချပါ . . သူမရှိတဲ့အချိန်အတွင်း dyo ထွက်သွားနိုင်တယ် . .
ခြံဝန်းထဲ ဝင်လိုက်တာနဲ့ တွေ့လိုက်ရတာက ကားပေါ် တက်ဖို့ လုပ်နေတဲ့ dyo . . . ခြံထဲ ဝင်လာတဲ့သူကို တွေ့တော့ ကားထဲကို ကမန်းကတန်း dyo တက်သွားခဲ့သည် ။
'dyo!!!'
kai အော်ခေါ်ပြီး ကားဆီကို ပြေးသွားတော့ . . ဝယ်လာတဲ့ နွားနို့ဘူးကတော့ လမ်းပေါ်မှာ လဲနေကာ အဖြူရောင်အရည်လေးတွေ ဘူးအတွင်းက ဖိတ်ကျသွားကာ ကျန်နေခဲ့သည် ။
ကားစက်နှိုးကာ မောင်းထွက်ဖို့ ပြင်နေတဲ့ dyo ကားရှေ့မှာ လက်နှစ်ဖက် ဆန့်တန်းပြီး kai ဝင်ရပ်လိုက်တော့
'kai ဘေးဖယ်!'
ကားထဲက လှမ်းအော်တဲ့ dyo . .
'မဖယ်ဘူး dyo! . . dyo သွားချင်ရင် ကိုယ့်ကို တိုက်သွား!'
ကားမှန်ကို ဖြတ်ပြီး မျက်ရည်လေးတွေ ရစ်သီနေတဲ့ မျက်ဝန်းတစ်စုံကို စိုက်ကြည့်ကာ ဟြေတော့ မျက်ဝန်းထဲက တွေဝေသွားတဲ့ အရိပ်အယောင်နဲ့အတူ
ခပ်တင်းတင်း စေ့သွားတဲ့
dyoရဲ့ နှုတ်ခမ်းလေးကို တွေ့လိုက်ရသည် ။'kai . . ဒါနောက်စရာ မဟုတ်ဘူး ဘေးဖယ်!'
ကားစီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ရင်း dyo ထပ်အော်တော့
'မဖယ်ဘူးလို့ ကိုယ် ဟြေပြီးသား!'
kaiကလည်း အကြည့်မလွှဲဘဲ
dyo မျက်ဝန်းတွေကိုသာ စိုက်ကြည့်ရင်း ပြန်ဟြေခဲ့သည် ။မိနစ်အတော်ကြာ ထိုအနေအထားအတိုင်း ရှိနေရာကနေ dyo ကားစက်သံ ရပ်သွားကာ စီယာတိုင်ပေါ် မျက်နှာအပ်ပြီး dyo ငိုနေတာကြောင့် dyo ခန္ဓာကိုယ်လေး တုန်နေတာ မြင်နေရသည် ။
ကျွန်တော် သိပြီးသားပါ . .
ကျွန်တော်ဆီကနေ . . ကျွန်တော့်ကို ထားပြီး . . dyo ထွက်မသွားနိုင်ပါဘူးဆိုတာ . .ကံတရားက လှည့်စားတတ်တာကို မေ့နေကာ အဲအချိန်က ကျွန်တော် တစ်သက်လုံး မဟြေင်းလဲဘဲ ဒီလိုပဲ ဖြစ်မှာလို့ ထင်မိခဲ့သည်။
################################
To Be Continue.
တိုသွားတယ်နော် miyanae. .
update မကြာစေရတော့ပါဘူး. . အရင်လို ပုံမှန် ပြန်upတော့မှာပါ . . မျက်စိနောက်ရင်လည်း သည်းခံပေးပါဂျာဖတ်ပေးကြတဲ့ chinguတို့ gomarwo. .
ESTÁS LEYENDO
Your Creator (မင်းရဲ့ ဖန်ဆင်းရှင်) || COMPLETED ||
RomanceKim Kai & Dyo Dyo (yaoi) ' You are mine. Always be my side. Never let you go in my heart.'