Episode.14

3.9K 380 22
                                    

*Your Creator* (မင်းရဲ့ ဖန်ဆင်းရှင်)

::::::::::::::::::::  မင်းက သိပ်ချစ်တတ်ပေမဲ့ အတ္တကြီးလွန်းတယ်ဟာ  . . . 

ငါအတ္တကြီးတာ မဟုတ်ပါဘူးး . . .
ငါ သိပ်ချစ်တတ်တာကို   . .
မင်း သိအောင် ငါ ထုတ်ပြတတ်တာပါ ::::::::::::

'ကတိ . . မခွဲကြေး'

မိုးစက်လေးတွေ ကြားထဲ တိုင်တည်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ကတိစကားတွေ မိုးနတ်မင်းကြီး ဖြည့်ဆည်းပေးနိုင်ပါစေသား ~~

………………………………………………………

ဟတ်ချိုးး!!!! ဟတ်ချိုး!!!! . . . . .

နဲ့ ဖြစ်နေတဲ့သူကို ကျနော် မျက်စောင်းထိုး ကြည့်လိုက်တော့   . . ကုတင်ပေါ်မှာ ထိုင်နေတဲ့ သူဆီကနေ အပြစ်လုပ်ထားတဲ့ ကလေးငယ်က ရီပြနေသဖွယ် ပေးလာတဲ့ အပြုံးတစ်ခု  . . . .

'နေမကောင်းသေးတဲ့ဟာကို မိုးရေထဲ ထွက်တော့ . . နှာစေးတာ နည်းတောင် နည်းသေးတယ် '

ဗျည်တောက် ဗျည်တောက်နဲ့ သူကို ဆူနေတော့လည်း လူကို ကြည့်နေတာက ကလေးငယ်တစ်ယောက်ကို ချစ်ဖို့ကောင်းလွန်းလို့ ကြည့်နေတဲ့ မျက်ဝန်းမျိုး… …

'kai . . dyo ဟြေတာ ကြားရဲ့လား'

'omm . . ကြားသားပဲ  . . နေမကောင်းလည်း ဘာဖြစ်လဲ  . ပြုစုပေးမဲ့ မင်း ရှိနေတာပဲလေ'

'ဆုတောင်းလေ . . . '

kaiရဲ့ စိုနေတဲ့ ဆံပင်ကို သုတ်ပေးဖို့ တဘက် ရှာနေရင်း နောက်လှည့်ကာ လျှာထုတ်ပြီး dyo ဟြေလိုက်တော့ kaiတစ်ယောက် သဘောကျစွာ ရယ်ကာ

' ဟားး . . ဆုတောင်းစရာ မလိုပါဘူး . . ဆုမတောင်းရဘဲနဲ့ကို . . အဲဆုတောင်းက ပြည့်နေပြီသားလေ  . .  '

'တော်တော် ပျော်နေတယ်ပေါ့လေ . . ရော့ !!! ကိုယ့်ဘာသာ သုတ်တော့'

ဆိုပြီးး ရှာတွေ့လို့ ကိုင်ထားတဲ့ တဘက်ကို kai ပစ်ပေးပြီး အခန်းထဲက ထွက်မယ်လုပ်တော့

'ရတယ်လေ . . မင်း မသုတ်ပေးလဲ  .ဒီအတိုင်းပဲ ခေါင်းမှာ ပတ်ပြီး အိပ်ရုံပေါ့'

တဘက်ကို ခေါင်းမှာ ပတ်ပြီး လှဲအိပ်မလို့ လုပ်နေတဲ့ kaiကြောင့် ကုတင်ဘက်ကို dyo ပြန်လှည့်လာကာ  . . .

Your Creator (မင်းရဲ့ ဖန်ဆင်းရှင်) || COMPLETED || Donde viven las historias. Descúbrelo ahora