မနေ့က Sehun ကိုစိတ်ဆိုးပြီး Baekhyun အိမ်မှာလာနေ နေခဲ့သည်။ Sehun က Baekhyun အိမ်ထိလိုက်လာပြီး လာခေါ်ပါသော်လည်း ကျွန်တော် သူ့ကို ထွက်မတွေ့ခဲ့ပေ.....။ ဒီနေ့မနက် Baekhyun က လက်ကိုအတင်းဆွဲပြီး အိမ်ကိုပြန်ပို့ခဲ့ပေမဲ့လည်း Sehun ကို မျက်နှာချင်းမဆိုင်ခဲ့......။
ကျွန်တော် တစ်ကိုယ်ကောင်းဆန်နေခဲ့တယ်ဆိုတာကို သိပါတယ်....ဒါပေမဲ့.. ....ချစ်ရသူနဲ့ မခွဲနိုင်လို့ဆိုတာကိုတော့ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။
အနာဂတ်မှာ ကျွန်တော်တို့နှစ်ယောက် အတူတူလျှောက်နိုင်ဖို့ မသေချာတော့တဲ့ လမ်း အခန့်မသင့်ရင် အသက်အန္တရာယ်ပါရှိနိုင်တဲ့ လမ်းကို ရွေးချယ်လိုက်တဲ့ ချစ်သူကို စိတ်ဆိုးတာ ကျွန်တော်လွန်ခဲ့သလား.......။
ကျွန်တော်မလွန်ဘူးထင်ပါတယ်........။
"Jongin.......တကယ်ပဲ Sehun ကို မတွေ့တော့ဘူးလား.....ဒီတစ်ခါမတွေ့ရင်....
နောက် ဘယ်ခါကျ....."
"ဘယ်မှာလဲ"
ကျွန်တော် ရုတ်တရက်ဖြတ်မေးလိုက်တဲ့စကားကြောင့် Baekhyun ကြောင်သွားပုံရသည်။
"သူအခု ဘယ်မှာလဲလို့....."
"မသိဘူးလေ.....စောစောတုန်းကတော့....တောထဲဝင်သွားတာတွေ့လိုက်သလိုပဲ....ဒါမဲ့ တောထဲ
ဘာသွားလုပ်မှာလဲ....လုပ်စရာမှမရှိတာ...."
Baekhyunရဲ့ စကားဆုံးဆုံးချင်း အိမ်ကနေ အမြန်ထွက်လာခဲ့လိုက်သည်။ ထင်ထားတဲ့အတိုင်း ကျွန်တော်တို့နှစ်ယောက် လာနေကြ တောထဲက ရေကန်လေးဘေးနားက မက်မွန်ပင်အောက်မှာရပ်နေတဲ့ Sehun.......။
"Kai.....!"
ကျွန်တော့်ကို တွေ့လိုက်ရလို့် အံဩသွားတဲ့ သူ့ဆီကို ပြေးသွားကာ လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။ ကျွန်တော့်ခါးကို တင်းကျပ်စွာ ပြန်လည်ဖက်တွယ်လာတဲ့ လက်တစ်စုံကြောင့် သူ ကျွန်တော့်နားကနေ ဘယ်မှ ထွက်သွားဦးမှာမဟုတ်ဘူးလို့ ထင်နေမိဆဲ........။
"တကယ်.....တကယ်......မသွားလို့မရဘူးလားဟင်......"
"ကိုယ်လည်းဘယ်သွားချင်ပါ့မလဲ.....အချစ်ရယ်......ဒါပေမဲ့ ကိုယ် ကိုယ့်မိသားစုအပေါ် တာဝန်ကျေချင်တယ်......"
YOU ARE READING
ဒဏ္ဍာရီ
Ngẫu nhiênA story of an emperor and a village boy who fall in love with each other...... Oh Sehun Kim Jongin Sekai Kaihun Chinese historical era
