ပစ္စည်းပို့ပေးရန်ဟု ဆိုသော်လည်း အမှန်စင်စစ် ပစ္စည်းပို့ပေးရန်မဟုတ်ကြောင်း ပစ္စည်းသွားယူရသည့်နေရာရောက်မှ Sehun သိလိုက်သည်။
သူတို့ရောက်နေသော နေရာမှာ နယ်စပ်က တပ်စခန်းတစ်ခုဖြစ်သည်။ ဦးလေးက တပ်မှူးဖြစ်ဟန်တူသူနှင့် စကားခဏပြောကာ စာအိတ်တစ်အိတ်ကို ယူ၍ ပြန်ထွက်ခဲ့သည်။
"သွားစို့ Sehun.. ..."
ဦးလေးက မြင်းပေါ်ခုန်တက်ကာ ရှေ့ကထွက်သွားကြောင့် သူလည်း နောက်ကလိုက်ခဲ့လိုက်သည်။
"ပို့ပေးရမယ့် ပစ္စည်းဆိုတာ အဲ့ဒီစာအိတ်လား..."
ဦးလေးက ခေါင်းငြိမ့်လိုက်ရင်း.......
"ဟုတ်တယ်.....စာအိတ်လေးဆိုပေမဲ့ သေလောက်အောင် အရေးကြီးတဲ့ကိစ္စတွေပါတယ် ဒီထဲမှာ......"
"သေလောက်အောင်......?"
ဦးလေးက Sehun ကို တစ်ချက်ကြည့်လိုက်ရင်း.....
"ငါက မင်းကို ယုံကြည့်လို့ပြောပြတာနော်....Sehun....စာထဲမှာ ပုန်ကန်ဖို့ကိစ္စနဲ့ ပတ်သတ်တာတွေပါတယ်..."
"ဘယ်လို.....ပုန်ကန်မယ်....!?....ဘာလို့လဲ "
"ငါတို့ရွာလေးက မြို့တော်နဲ့ ဝေးနေလို့ ဘာမှမကြားရတာပေါ့ကွာ.....ခု ဘုရင်က အရမ်းဆိုးတာကွ.....အခွန်တွေကိုအဆမတန်ကောက်တယ်.....အပြစ်မဲ့သူတွေ ပြည်သူတွေကို နှိပ်စက်တယ်.....အာဏာမက်တယ်....ခုထီးနန်းကလည်း သူ့ဟာမှ မဟုတ်ပဲကို.....သူ့အစ်ကိုကို လုပ်ကြံပြီးမှ မတရားလုယူထားတဲ့ ထီနန်းပဲလေ......"
"လုပ်ကြံတယ်....!?.....အရင်ဘုရင်က သားသမီးရှိတယ်မဟုတ်ဘူးလား.......သူတို့ကဘာမှမလုပ်ကြဘူးလား....."
"ရှိတာပေါ့......ဒါပေမဲ့ အိမ်ရှေ့စံကိုလည်း သူပဲလုပ်ကြံလိုက်တာ.......
တခြားမိသားစုတွေကိုရောပေါ့.......အိမ်ရှေ့စံရဲ့ အစ်မ....မင်းသမီးတစ်ပါးပဲကျန်ခဲ့တယ်လေ...
မင်းသမီးကိုလည်း ဘယ်သူနဲ့မှ ပေးမတွေ့ပဲ နန်းတွင်းထဲက စံအိမ်ထဲမှာ အကျယ်ချုပ်ထားတယ်......"
"ဒါဆို ခု ပုန်ကန်တာကို ဦးဆောင်တာက...."
"စစ်သူကြီး Park Chanyeol......ခုစာကို သူ့ဆီရောက်အောင် ပို့ပေးရမှာ.....ဒီစာ သူ့ဆီမရောက်ပဲ ဘုရင်ရဲ့ လူတွေလက်ထဲရောက်သွားရင် အားလုံးပျက်စီးသွားလိမ့်မယ်....အဲ့တာကြောင့် ဒီစာကို အသက်နဲ့ရင်းပြီး စစ်သူကြီး ဆီရောက်အောင်ပို့ရမှာ.........."
YOU ARE READING
ဒဏ္ဍာရီ
AcakA story of an emperor and a village boy who fall in love with each other...... Oh Sehun Kim Jongin Sekai Kaihun Chinese historical era
