ပုံပြင်-၁၄

2.2K 241 37
                                        

ဟနေသည့်ပြတင်းတံခါးမှ ဝင်ရောက်နေသော နေရောင်ခြည်တို့ကြောင့် ဗုဒ္ဓရုပ်ထုရှေ့တွင် ဒူးတုပ်ထိုင်ကာ လက်အုပ်ချီရင်း ဆုတောင်းနေသူ ပုံရိပ်ကလေးကို ဝိုးတဝါး မြင်နေရသည်။

အဖြူရောင် ဝတ်ရုံနှင့် ဖြန့်ချထားသော ငွေမှင်ရောင်ဆံနွယ်များကြောင့် နောက်ကျောဘက်မှ ကြည့်ရသည်ပင် ကောင်းကင်ဘုံမှ ဆင်းသက်လာသူတစ်ဦးလို့ ထင်ရစေနိုင်သည်။

"သခင်လေး Batu..."

"ရှူး......."

သူ့ဘေးက လူကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး ဆုတောင်းနေတဲ့ ပုံရိပ်ကလေးကို ဆက်ကြည့်နေမိခဲ့သည်။

"သခင်လေး........ ဒါသူများစခန်းနော်....... လျှောက်သွားနေလို့ မကောင်းဘူး......"

ကိုယ်ရံတော် ဖြစ်သူက ခပ်တိုးတိုးပြောတော့

"ဘာဖြစ်​လဲ...... ငါက လိုက်ပြီးလေ့လာနေတာပါကွ......"

"ဒါမဲ့လဲ ခနကမှ ရောက်တာကို လျှောက်သွားနေလို့မှ မကောင်းတာ......"

"တိတ်တိတ်နေစမ်းပါကွာ......"

ပြောပြီး ပြန်လှည့်လိုက်တော့ စောစောက ဟနေသော ပြတင်းမှာ ပွင့်နေပြီး ငွေမှင်ရောင် ဆံနွယ်များ ကောင်လေး တစ်ယောက်ရပ်နေခဲ့သည်။

"ဘယ်သူတွေလဲ......."

ကောင်လေးကို ကြည့်ရင်း သူ့မှာ အာစေးမိနေခဲ့သည်။

"သခင်လေး Batu....."

သူ အသံလာရာကို ကြည့်လိုက်တော့ စစ်သူကြီးဖြစ်သူကို တွေ့လိုက်ရသည်။

"သခင်လေးက မွန်ဂိုလူမျိုးပါ...... အဲ့အတွက် သူများစခန်းမှာ လျှောက်သွားနေတာဟာ မလေးစားရာ ရောက်ပါတယ်...... သ....."

စစ်သူကြီး ပြောနေသော စကားများထဲမှ တစ်ခွန်းက ကောင်လေးအား စိတ်လှုပ်ရှားသွားစေခဲ့ဟန်ရှိသည်။

"ခင်ဗျားတို့က မွန်ဂိုလူမျိုးတွေလား......"

ကောင်လေးက စစ်သူကြီးရဲ့ စကားကို ဖြတ်မေးလိုက်သည်။

ကောင်လေးရဲ့အမေးကို Batuက ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သောအခါ ကောင်လေးသိပ်ကို ပျော်သွားခဲ့သည်။

 ဒဏ္ဍာရီ Where stories live. Discover now