"ဟိုဘက်ကို....ဟိုဘက်ကို ထွက်ပြေးသွားတယ်....ဟေ့ရောင်တွေ ဟိုဘက်ကို လိုက်ဟ.........."
Shixun တစ်ယောက် စစ်သည်တွေ ဆီကနေ ဝေးအောင် ပြေးနိုင်သမျှ မြန်မြန်ထွက်ပြေးနေခဲ့၏။ သူ့ ကိုယ်ရံတော် နဲ့လည်း လူကွဲသွားခဲ့သည်။
အဖြစ်အပျက်များက မြန်ဆန်လွန်းတာကြောင့် ဘာတွေဖြစ်သွားမှန်း သူပင် သေချာမသိလိုက်....။
ဒီနေ့ ဦးရီးတော်က အမဲလိုက်သွားရန် ခေါ်သောကြောင့် လိုက်လာခဲ့ခြင်းဖြစ်သည်။ အမဲလိုက် မသွားဖူးလျှင် ယောက်ျားဘယ်ပီသလဲ ဟုပြောတာကြောင့် မခံချင်၍ လိုက်သာလိုက်ခဲ့ရသည်.....သူက သိုင်းလည်းမချတတ်.....မြှားလည်းမပစ်တတ်...။ အမြဲတမ်း စာအုပ်တစ်အုပ်နဲ့သာ အချိန်ကုန်နေတတ်သူဖြစ်လေ၏။
မထင်မှတ်ထားသည်ကား.....ဦးရီးတော်က သူ့အား ဤကဲ့သို့ လုပ်ကြံမည်ဆိုတာကိုပင်.....။ အမြဲတမ်း ရယ်ရယ်ပြုံးပြုံးနေတတ်သော သဘောကောင်းသော ဦးရီးတော်က သူ့ကို လုပ်ကြံတယ်တဲ့လား....။ သူ အိမ်မက်ပင် မမက်ဖူးပါချေ။
"ဟိုမှာ ဟိုမှာ......"
အော်ဟစ်သံတွေနဲ့အတူ သူ့နားကို မြှားတံများ လွှင့်လာလေသည်။ သူ သိပ်ကြောက်လာမိတယ်...။ သူ မသေချင်သေးဘူး.....။
'ခမည်းတော်.....သားတော် ကို ကယ်ပါဦး....'
Shixun ပြေးနေတာကို ရုတ်တရက် ရပ်လိုက်ရ၏။ သူ့မှာ ဆက်ပြေးစရာ မြေမရှိတော့ပေ။ ရှေ့မှာ ချောက်ကြီး တစ်ခုကသာ ဆီးကြိုနေလေသည်......။
နောက်က လိုက်လာတဲ့ စစ်သည်တွေ ကလည်း သူ့အနားကို တိုးကပ်လာနေပြီ.....။
'ငါ ဘာလုပ်ရမလဲ..... ငါ အသတ်ခံရတော့မှာလား....."
အနားကပ်လာတဲ့ စစ်သည်တွေကြောင့် သူ အနောက်ကို တဖြည်းဖြည်းဆုတ်လာခဲ့ရင်း.....
"အား................"
သူ့ ခန္ဓာကိုယ် တစ်ခုလုံး လေဟာနယ်တဲ့ ရောက်သွားသလို ခံစားလိုက်ရပြီးနောက် အရာတစ်ခုခုနဲ့ ပြင်းထန်စွာ ရိုက်ခတ်သွားတာကို ခံစားလိုက်ရသည်။ နောက်တော့ သူ့ရဲ့ အသိအာရုံတွေအားလုံး အမှောင်ဖုံးသွားခဲ့လေတော့၏.........။
YOU ARE READING
ဒဏ္ဍာရီ
De TodoA story of an emperor and a village boy who fall in love with each other...... Oh Sehun Kim Jongin Sekai Kaihun Chinese historical era
