Ch-1

6.6K 270 3
                                    

Unicode  >>> Zawgyi below

ဆောင်းရာသီ နှင်းရည်စက်အဖြူနှစ်များ အနက်ရောင် Seoulမြို့ရဲ့မြေပြင်တွင်ပျံ့ကြဲနေသည်။

အေးမြသောလေပြေလေအေးများလည်းတဖြူးဖြူးနဲ့တိုက်ခတ်နေပြန်သည်

၁၂ထပ်တိုက်၏ ၉လွှာမြောက်အခန်းလေးမှာ ယခုညသန်းခေါင်ကျော်သည်အထိမီးမပိတ်သေး....

Taeyong's POV

"မိဘပြည်သူများရှင်...... မနက်ဖြန်တွင်ဆန္ဒမဲရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ပါ၍ ပြည်သူ့တာဝန်နှင့်အညီ မပျက်မကွက်သက်ဆိုင်ရာမြို့နယ်အတွင်းရှိမဲရုံများတွင် သွားရောက်၍ဆန္ဒမဲပေးကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည် ရှင်....တရားမျှတ၍လွတ်လပ်သော ဆန္ဒမဲရွေးကောက်ပွဲကြီးဖြစ်စေရန်..................."

TV မှ မကြာခဏလာနေသော သတင်းကို နားမထောင်ချင်တော့၍ စားပွဲပေါ်တွင်တင်ထားသော TV remote ဖြင့် အလျင်အမြန်ဆတ်ခနဲပိတ်လိုက်သည်

စာကြည့်စားပွဲပေါ်တွင် ဖွင့်လက်စ စာအုပ်ကိုငေးကြည့်နေရင်း စာဆက်ကျက်ရန်အာရုံမရတော့...

လက်ထဲတွင်ကိုင်ထားသော ballpoint-pen ကိုအသံမည်အောင် "ဘုန်းးး" ခနဲချလိုက်သည်

"အာာာားးးးး စိတ်တွေညစ်လိုက်တာကွာာာာ"

ခေါင်းပေါ်တွင်ပေါက်နေသော ဆံပင်တွေကိုထိုးထောင်ပြီးရှုပ်ပွသွားအောင် ကျနော်ဖွပစ်လိုက်တယ်

စာတောင်ကျက်လို့မရအောင်စိတ်တွေရှုပ်ထွေးလွန်းနေတယ်

တိုင်ကပ်နံရံမှာချိတ်ထားတဲ့ ဘဲဥပုံနာရီမှ စက္ကန့်လက်တံကထွက်ပေါ်လာတဲ့အသံ "တချက်တချက်" မှအပ ကျနော့်တိုက်ခန်းထဲတွင်ဘာအသံမှမကြားရ။

ဆောင်းရာသီအအေးဓာတ်ကလည်းလွန်ကဲလွန်း၍ပို၍ခြောက်ခြားဖွယ်ကောင်းနေသည်

2•C ဆိုတာနည်းနည်းနောနော အေးတာမဟုတ်။ ဒီလိုအချိန်မှာ အိပ်ရာထဲမှာအနွေးထည်အထူ ၊ စောင်အထူတွေကိုလုံးပတ်ပြီးခွေနေချင်ပေမယ့်လည်း ဒါဟာလက်တွေ့မှာဘယ်လိုမှဖြစ်မလာနိုင်တဲ့ စိတ်ကူးလေးတစ်ခု။

မနက်ဆိုလည်း မြောက်ဝင်ရိုးစွန်းအလားအေးစက်နေတဲ့အထဲမှာ ကျောင်းကိုစက်ဘီးနဲ့သွားရတာ။

သူ၏အမိန့်Where stories live. Discover now