သူ၏အမိန့် Ch-5

2.2K 192 6
                                    

Unicode

(zawgyi below)

Taeyong 's Pov

Johnny ကတော့သူ့မှာတမ်းမပြီးသေးတော့ဆက်ပြောလေရဲ့။

"နောက်ပြီး ဒီအိမ်တော်ကအစေခံတွေအားလုံး ကျိုးကျိုးနွံနွံနဲ့ အလုပ်ကိုသေချာလုပ်ရမယ်။ စကားကိုကျယ်ကျယ်မပြောရဘူး"

ပိုလို့တောင်စည်းကမ်းချက်တွေများနေပါလား။ ကျနော်ဝင်ပြီးအလုပ်လုပ်ဖူးတဲ့ စားသောက်ဆိုင်တွေထက်တောင်ပိုပြီး စည်းကမ်းတွေများလွန်းနေတယ်။ ဖောင်းပွလွန်းတဲ့စည်းကမ်းတွေကလည်း တင်းကျပ်လွန်းတော့နေရထိုင်ရ မသက်သာသလိုတောင်ခံစားလာရတယ်။

"ငါတို့ သခင်က ဒုတိယထပ်မှာနေတယ်။ ဒီအိမ်တော်မှာ သခင့်အခန်းကအကျယ်ဆုံးပဲ။ သခင့်အရှေ့မှာဆိုရင် အနေအထိုင်လုံးဝသိမ်မွေ့ရမယ်။ စကားကိုတိုးတိုးပဲပြောရမယ်။ စကားကိုကျယ်ကျယ်ပြောတာက သခင်အမုန်းဆုံးအရာတွေထဲကတစ်ခုပဲ"

"သခင်က ဘယ်လိုမျိုးကြီးလဲငင်"

Johnny ကျနော့်ကို သမင်လည်ပြန်မျက်စောင်းထိုးကြည့်လိုက်ပြီး

"ဒီအိမ်တော်မှာ အမေးအမြန်းမထူရဘူး။ အထွန့်မတက်ရဘူးလို့ငါပြောထားတယ်လေ"

"ahh Mianae"

တောင်းပန်စကားနဲ့အတူကျနော်ပြန်ခေါင်းငုံ့နေလိုက်တယ်

"သခင်က သူ့အခန်းထဲကနေထွက်ခဲတယ်။ မနက်စာ၊ နေ့လည်စာ ၊ညစာ စားချိန်တွေပဲအခန်းပြင်ထွက်တတ်တာ"

"ah nae"

အတော်ထူးဆန်းတဲ့ အိမ်တော်ပဲ

အခန်းတစ်ခန်းရောက်တော့ ကျနော့်ရဲ့အရှေ့ကနေသွားနေတဲ့ Johnny ရုတ်တရက် ရပ်လိုက်ပြီး လက်ထဲမှာကိုင်ထားတဲ့သော့တွဲ ထဲကသော့တစ်ချောင်းကိုရွေးပြီးအခန်းတံခါးကိုဖွင့်လိုက်တယ်။

"လာ ကောင်လေး ဒါမင်းနေရမယ့်အခန်းပဲ"

ကျနော်လည်း အခန်းထဲဝင်ကာ လှည့်ပတ်ကြည့်နေမိတယ်။ အစေခံနေရမယ့်အခန်းဆိုတော့ ထုံးစံအတိုင်း ၂ပေပတ်လည်လောက်သာရှိမယ့် ပြတင်းပေါက်တစ်ချပ် ၊ မကြီးမသေး စားပွဲခုံတစ်လုံး နဲ့ အိပ်စရာကုတင်တစ်ခုသာရှိတယ်။

သူ၏အမိန့်Where stories live. Discover now