သူ၏အမိန့် Ch-12

2K 173 7
                                    

Unicode

(zawgyi below)

Taeyong's POV

ဒီနေ့အတွက် ဒုတိယအကြိမ်အမြင်အာရုံပွင့်ပြန်တော့ Jaehyun ကိုသာတန်းမြင်ရပြန်တယ်

သို့သော်လည်းချက်ချင်းမလှုပ်နိုင်သေး။

"ပိုပင်ပန်းသွားတာလား? ဆန်ပြုတ်ထသောက်လိုက်"

ကျနော်မျက်လုံးပွင့်လာမယ့်အချိန်ကိုသူဘယ်တုန်းကစောင့်နေခဲ့သလဲမသိ။

အချစ်ဆိုတဲ့အရာက မျက်လုံးစပွင့်တဲ့မျက်တောင်တစ်ဖျတ်စာခန့်လောက်အချိန်လေးမှာတောင် သူ့ကိုမြင်ချင်နေတာမျိုး

အိပ်မက်ထဲဆွဲခေါ်ထားခဲ့ပေမယ့်လည်း လက်တွေ့လောကကို ပြန်ရောက်ဖို့မျက်လုံးဖွင့်တဲ့အချိန်မှာတောင် သူ့မျက်နှာလေးကိုပထမဆုံးမြင်ချင်တာမျိုး

ဘယ်အချိန်ဖြစ်ဖြစ် အမြင်အာရုံထဲမှာ ပထမဆုံးတကာ့ပထမဆုံးမြင်ချင်တာ သူ့ပုံရိပ်တွေပါ....

ကျနော့်ဆုတောင်းတွေဒီတစ်ခါတော့ပြည့်ဝခဲ့ပါတယ်

ကျနော့်အိပ်နေတဲ့ကုတင်ဘေးမှာ ဆန်ပြုတ်တစ်ခွက်နဲ့ကျနော်နိုးလာမယ့်အချိန်ကိုသူစောင့်နေရှာတယ်လေ.. ကြည်နူးရိပ်သန်းမိပေမယ့် သခင်နဲ့အစေခံစည်းကိုပြန်သတိရမိလို့ကျနော် သူ့ကိုရှိန်သွားရပြန်တယ်

နောက်တစ်ကြိမ်တစ်ဖန်ပြန်လည်ရရှိခဲ့တဲ့မေတ္တာတို့က သူ့ဆီကတဲ့လား?

ဆန်းကြယ်လွန်းတဲ့အချစ်တို့ရောနေသောမေတ္တာတရားသည် မျက်ရည်မှအပြုံးကိုသယ်ဆောင်ပေးတယ်

ကျနော့်အဖေရင်းဆီကပြတ်လတ်ခဲ့တဲ့မေတ္တာတို့ထက် ပိုသာယာတဲ့မေတ္တာကို သူစိမ်းယောကျ်ားလေးတစ်ယောက်ဆီကပြန်ရခဲ့တယ်။

တစ်ဇွန်းစာခွံကျွေးလာတဲ့ ဆန်ပြုတ်တစ်ဇွန်းကိုကျနော်လှမ်းသောက်လိုက်တယ်

ပူနွေးနွေးဆန်ပြုတ်ရည်ဟာလည်ချောင်းထဲရောက်တော့ရေခဲရည်ပမာအေးစက်သွားတယ်။ခွံကျွေးနေတဲ့လူကိုတစ်ချက်လှမ်းကြည့်မိလိုက်တာကြောင့်။

"လက်ကောက်ဝတ်ကသက်သာလား"

ကျနော်ကုတင်ပေါ်မှာခေါင်းအုံးနှစ်လုံးဆင့်ပြီးမှီထားရင်း ကျနော့်ကုတင်ဘေးမှာ ထိုင်ပြီးဆန်ပြုတ်တိုက်နေတဲ့ Jaehyun ကိုမေးလိုက်တယ်။

သူ၏အမိန့်Where stories live. Discover now