Unicode
(zawgyi below)
Taeyong's POV
ချောင်ကျတဲ့နေရာတစ်ခုကိုရောက်တော့....
မှောင်မည်းနေတာကြောင့်ကျနော်ပြေးလက်စခြေလှမ်းတွေရပ်သွားခဲ့တယ်။
နံရံကိုလက်ထောက်ကာအမောဖြေရင်း ကြောက်စိတ်တို့ကိုတတ်နိုင်သလောက်မျိုသိပ်ထားမိတယ်
ကျနော်လက်ထောက်ထားတဲ့နံရံဘက်ကနေ ကျနော်ရေသံတချို့ကိုကြားနေရတယ်
ရေသံကြားရာဘက်ကို ကျနော်သေသေချာချာအာရုံပြုပြီးလိုက်သွားမိတယ်
နံရံကြားကရေသံအတိုင်းလိုက်လာရင်းနဲ့ အောက်ဘက်ကိုဆင်းတဲ့အုတ်လှေကားတစ်ခုကိုကျနော်တွေ့လိုက်ရတယ်
အုတ်လှေကားအတိုင်းကျနော်ဆင်းလာမိတယ်
ဘယ်ကိုရောက်သွားမလဲဆိုတာကျနော်မစိုးရိမ်မိဘူး ကျနော်ကြောက်တာ Jaehyun ကျနော့်ကိုမိမှာကိုပဲ။ အရင်ကဒီနေရာတွေမရောက်ဖူးတာကြောင့် ဒီအုတ်လှေကားအတိုင်းဆင်းသွားရင်ဘာဖြစ်မလဲဆိုတာကိုကျနော်မသိ။ ဒီနေရာတွေကိုရောက်ဖူးတာကျနော့်အတွက်ဒါပထမဆုံးအကြိမ်
အုတ်လှေကားကိုဆင်းလာလို့တော်တော်ခရီးရောက်လာတဲ့အချိန်မှာ ကျနော်စောနကကြားရတဲ့ရေသံပိုပိုကျယ်လာတယ်
နောက်ဆုံးသောအုတ်လှေကားချပ်ဟာ ကျနော့်ကိုနေရာသစ်တစ်ခုဆီပို့ဆောင်ပေးလိုက်တယ်
ရေသံကစောနကကြားရတာထက်ကို ပိုပြီးပီပီပြင်ပြင်ကြားနေရတယ်
ကျနော်ကြည့်လိုက်တော့ ရေတွေစီးနေတဲ့မြောင်းကျယ်ကြီးတစ်ခု။ ဘေးဘက်ကပလတ်ဖောင်းဘောင်လေးကနေကျနော်ဆက်လျှောက်သွားတယ်။ ရေရှိလို့လားမသိ ၊ နဂိုထက်ပိုအေးနေတယ်။
ကျနော်ရှေ့ကိုတိုးပြီးဆက်လျှောက်လာလေလေ ၊ ပိုပြီးအေးလာတယ်။ နောက်တစ်ခုက မတသီစရာအနံ့တွေရလာတာ။ ဘာအနံ့မှန်းမသိပေမယ့်ရင်ထဲကနေအန်ချင်စိတ်ဖြစ်ရလောက်အောင်ကိုအနံ့အသက်ကဆိုးဝါးလွန်းတယ်
ကျနော်ဘာမှမသိဘဲ ရေစီးမြောင်းအတိုင်းဆက်လျှောက်လာလိုက်တာ ခရီးရဲ့၃ပုံ၂ပုံလောက်ကိုရောက်လာပြီ။ ဒီဂူရဲ့အဆုံးသတ်ကဘယ်တော့ရောက်မလဲမသိပေမယ့် အဆုံးသတ်မှာဘာရှိနေမလဲတော့သိချင်မိတယ်။ ကျနော် Jaehyun ကိုကြောက်ပြီးပြေးလာလိုက်တာ အိမ်တော်ရဲ့အတော်ချောင်ကျတဲ့နေရာတွေကိုရောက်လာခဲ့တာပဲ
YOU ARE READING
သူ၏အမိန့်
Fanfic(Written both in Unicode and in Zawgyi) ဆန်းကြယ်မှု - ကောင်းမွန်သောဆန်းကြယ်မှုမဟုတ် ထူးခြားမှု-လူပုံအလယ်တွင်ကောင်းသောထူးခြားမှုမဟုတ် ၊အထီးကျန်မှုများနဲ့ရှင်သန်နေတဲ့ ကျွန်တော့်ဘဝထဲ အချစ်ဆိုတာကိုစတင်ထိတွေ့ခဲ့မိချိန်. ........ -Jaehyun အပယ်ခံဘဝထဲကနေ...