Unicode
(zawgyi below)
Taeyong's POV
ခြောက်ကပ်နေတဲ့လည်ချောင်းကအစိုဓာတ်မရှိ၍နေရခက်လှသည်။
အချိန်ဘယ်လောက်ကြာအောင်ကျနော်ခန္ဓာကိုယ်နဲ့ဝိဉာဉ်မပူးတွဲဘဲရှိနေလဲမသိ။ အခုလိုအသိဝင်လာမှအနားပေးထားတဲ့အကြောတွေနဲ့ ခြေလက်တွေကလှုပ်ရခက်ခဲလွန်းတယ်။
ကျနော့်ကျောပြင်လှဲလှောင်းရာမွေ့ရာဟာလည်းအရင်ကထက်နူူးညံ့နေတယ်
မျက်ခွံတို့ကိုအပေါ်လှဲလိုက်တဲ့အချိန်မှာ ထူးခြားလွန်းတဲ့မျက်နှာကျက်ကိုတွေ့လိုက်ရတယ် ကျနော်ရင်းနှီးဖူးတဲ့မျက်နှာကျက်ပဲ
ကျနော်အိပ်ရာပေါ်ကထမလို့လုပ်တော့
"မထနဲ့ဦး"
ကျနော့်ဘေးနားက ခပ်သြသြအသံကချိုစိမ့်စွာထွက်လာတယ်
"သခင်"
ကျနော်အခု သူ့အခန်းထဲရောက်နေတာပဲ!
သူ့အိပ်ရာပေါ်မှာပဲ!
ကျနော်ဘာတွေဖြစ်သွားခဲ့လဲမသိတော့ပေမယ့် ကျနော့်က သခင်ကိုမြင်ရတော့စိတ်လှုပ်ရှားမိပါတယ်
"အဆိပ်မိသွားတာ တော်သေးတာပေါ့ သတိပြန်ရလာသေးလို့"
"အဆိပ်? အင်း Ten ကအဆိပ်ခတ်လိုက်တာလား"
"ဘယ်လိုသိလဲ"
"ကျနော့်ကိုမျက်မုန်းကျိုးနေတဲ့လူကသူပဲရှိတာပဲလေ သူမှအဆိပ်မခတ်ရင်ဘယ်သူခတ်ဦးမှာလဲ"
"ဟုတ်တယ် မင်းကိုကယ်မယ့်သူကလည်းငါပဲရှိတယ် ဒါ့ကြောင့်ငါ့အလိုကျမင်းနေပေးရင်ဘယ်သူ့မှကြောက်စရာမလိုဘူး"
"ကျနော့်ကိုဘယ်လိုများကယ်ခဲ့တာလဲ"
"မင်းအတွက်ဆိုငါမလုပ်နိုင်တာမှမရှိတာ wae?"
"ဒီအိမ်တော်က Butler ခတ်တဲ့အဆိပ်ကတော့ထင်တာထက်ပြင်းတယ်မလား ဒါ့ကြောင့်မေးကြည့်တာ"
ကျနော့်ရဲ့ညာဘက်ခြမ်းမှာ ခေါင်းကိုလက်နဲ့ထောက်ရင်းလှဲနေတဲ့ ကျနော့်သခင်ကတော့ကျနော့်ကိုသူ့အပြုံးတွေအုပ်မိုးပြီးစကားတွေပြောနေတယ်။ ကျနော်ကတော့သူ့မျက်နှာကိုမျက်လုံးလေးအပေါ်လှန်ပြီးမော့ကြည့်ရတယ်
YOU ARE READING
သူ၏အမိန့်
Fanfic(Written both in Unicode and in Zawgyi) ဆန်းကြယ်မှု - ကောင်းမွန်သောဆန်းကြယ်မှုမဟုတ် ထူးခြားမှု-လူပုံအလယ်တွင်ကောင်းသောထူးခြားမှုမဟုတ် ၊အထီးကျန်မှုများနဲ့ရှင်သန်နေတဲ့ ကျွန်တော့်ဘဝထဲ အချစ်ဆိုတာကိုစတင်ထိတွေ့ခဲ့မိချိန်. ........ -Jaehyun အပယ်ခံဘဝထဲကနေ...