Unicode
(zawgyi below)
After 1 week later
Taeyong 's POV
"ဘုန်းးးး"
"ဟ ဟေ့ကောင် ဖြည်းဖြည်းလုပ်ပါကွာာာ စားပွဲကြီးလည်းကျိုးသွားပါဦးမယ်"
စိတ်ညစ်ညစ်နဲ့အရှိန်နဲ့ စားပွဲပေါ်ကိုခေါင်းချလိုက်သဖြင့် ကျယ်လောင်စွာထွက်လာသောအသံကြောင့် Mark ကျနော့်ကိုပြောခြင်းဖြစ်သည်။
"shocked*"
"ဟေ့ကောင်ရာ ဒီလောက်ကြီးလည်းကြေကွဲစရာမဟုတ်ပါဘူး။ခံစားမနေနဲ့ကွ"
"ဘာာာ? မင်းကလည်းမင်းမခံစားရတိုင်း လျှောက်ပြောမနေနဲ့ မင်းကတကယ်ကိုယ်ချင်းစာတရားမဲ့တဲ့ကောင်ပဲ"
"မင်းကလဲ အဲလိုလဲမဟူတ်ပါဘူးကွာ"
"မင်းငါ့နေရာကိုဝင်ပြီးခံစားကြည့်စမ်းပါ"
ရင်ဘတ်ကိုတဘုန်းဘုန်းထုရင်းပြောနေသော ကျနော့်ကို Mark တစ်ယောက်ငေးကြည့်နေတယ်။
"ငါ့လောက်ငွေလိုနေတာငါပဲရှိတယ်။ အဲ့အချိန်မှာအလုပ်ပြုတ်တယ်။ အဲ့ကတည်းကစိတ်ညစ်နေတာ။ အခုထပ်အလုပ်ရတော့လည်း ၁ ပတ်တည်းနဲ့ထပ်ပြုတ်တယ်"
"----"
"ငါ့လောက်ဘယ်သူခံစားရဦးမှာလဲ?"
"ဟင်းးးးးး။ ဒါနဲ့ဘာ့ကြောင့်အလုပ်ပြုတ်တာတဲ့လဲ"
"မျက်နှာက သိပ်မပြုံးလို့ဆိုပဲ။ ဧည့်သည်ရှေ့ဆိုမပြုံးတော့ပျူပျူငှာငှာမရှိလို့တဲ့"
"မင်းနဲ့မှ ငါလည်းဟာသတွေကြားဖူးပြီကွာာာ""
"ရယ်မနေနဲ့ ငါတကယ်ညစ်နေတာ"
"အေးပါကွာာ ဟေ့ကောင် ညမိုးချုပ်နေပြီ အိပ်တော့ ဒီလောက်ကြီးလဲစိတ်ညစ်မနေနဲ့ အလုပ်ကထပ်ရဦးမှာပဲ စိတ်ဆင်းရဲခံမနေနဲ့ ငါပြန်ပြီ"
"အေး"
Mark ပြန်သွားတော့ကျနော်တစ်ယောက်တည်း ကျနော်ငှားနေတဲ့တိုက်ခန်းမှာကျန်ခဲ့တယ်။
သူကကျနော့်ကိုသူငယ်ချင်းတစ်ယောက်အနေနဲ့ အားပေးပေမယ့် ကျနော့်စိတ်နဲ့ကျနော်မို့လို့ စိတ်ညစ်ကတော်တော်နဲ့မပြေဘူး။
YOU ARE READING
သူ၏အမိန့်
Fanfic(Written both in Unicode and in Zawgyi) ဆန်းကြယ်မှု - ကောင်းမွန်သောဆန်းကြယ်မှုမဟုတ် ထူးခြားမှု-လူပုံအလယ်တွင်ကောင်းသောထူးခြားမှုမဟုတ် ၊အထီးကျန်မှုများနဲ့ရှင်သန်နေတဲ့ ကျွန်တော့်ဘဝထဲ အချစ်ဆိုတာကိုစတင်ထိတွေ့ခဲ့မိချိန်. ........ -Jaehyun အပယ်ခံဘဝထဲကနေ...