Unicode
(zawgyi below)
Taeyong's POV
ညကတည်းက Jaehyun ဘေးမှာတစ်ချိန်လုံးစောင့်ပေးခဲ့ရတော့ကျနော်လည်းပင်ပန်းနေပြီ
ဒီညတော့အိပ်ချင်ပေမယ့်လည်း.....အိပ်လို့မဖြစ်ဘူးလေ
လပြည့်ညကုန်ဆုံးသွားတော့ အိမ်တော်ကလည်းအရင်လိုအစေခံတွေနဲ့အသံနည်းနည်းပါးပါးပြန်ကြားလာရတယ်
ဒီနေ့တစ်နေ့လုံးအလုပ်လုပ်ရတာစိတ်နဲ့ကိုယ်နဲ့မကပ်
လူကထွက်ပြေးဖို့ကိစ္စပဲအာရုံရောက်နေတာကိုးးး
နာရီ ကိုသာကြည့်ရင်းအချိန်တွေကိုကျနော်ရေတွက်နေခဲ့တယ်
နောက်ဆုံးတော့ Ten ပြောတဲ့အတိုင်း ညသန်းခေါင်ရေက်လာတော့ ကျနော်ခြောက်သွေ့နေပြီဖြစ်တဲ့ဥယျာဉ်ထဲမှာဘယ်သူမှမတွေ့အောင် Ten ကိုထိုင်စောင့်နေလိုက်တယ်
အေးစက်လွန်းတဲ့ညက ကျနော့်အသားတွေကိုရေခဲပမာအေးခဲစေတယ်
နာရီဝက်လောက် အအေးတောထဲမှာစောင့်ပြီးတော့ ကျနော်စောင့်နေတဲ့ Ten ကရောက်လာတယ်
သူ့ကြည့်ရတာတော့ကျနော့်လိုအပူအပင်မရှိ ၊ စိုးရိမ်ခြင်းမရှိ။ ကျနော်ကသာ ထွက်ပြေးတာလွတ်ပါ့မလားဆိုတဲ့စိတ်နဲ့ခြေတွေလက်တွေအေးစက်နေတာ
ကျနော့်ကိုမြင်တော့ Ten ကကျနော့်နားကပ်လာတယ်။ ခြောက်သွေ့နေတဲ့ဥယျာဉ်က အရောင်ကင်းမဲ့နေလို့ပိုပြီးခြောက်ခြားစရာကောင်းတယ်
ဥယျာဉ်ရဲ့ဘေးဘီကို Ten ကတစ်ချက်အကဲခတ်ကြည့်လိုက်တယ်
"ငါနည်းနည်းနောက်ကျသွားတယ် တောင်းပန်ပါတယ်"
"nae ရပါတယ် ကိစ္စမရှိပါဘူး"
"လာ သွားရအောင် အချိန်မရှိဘူး"
ပြောရင်းဆိုရင်းနဲ့ Ten ကကျနော့်လက်ကိုလှမ်းဆွဲလိုက်တယ်။ ကျနော်လည်းကြောင်တောင်တောင်နဲ့သူဆွဲခေါ်ရာနောက်ကိုခြေသံတိတ်နဲ့လိုက်သွားမိတယ်
Ten ကျနော့်ကိုဆွဲခေါ်သွားတာဥယျာဉ်ရဲ့ဘယ်ဘက်ခြမ်းကို
သူ့နောက်လိုက်တုန်းကတော့ဘာမှမဟုတ်သေးပေမယ့် ပေ၁၀၀ လောက်ရောက်လာတဲ့အခါမှောင်သထက်မှောင်ပြီးအေးသထက်အေးလာတယ် ရှုပ်ထွေးလွန်းတဲ့ချုံနွယ်ပိတ်ပေါင်းအထက်ထပ်တို့က်ုမနည်းရှောင်ရင်း Ten နောက်ကိုကျနော်လိုက်ခဲ့တယ်
![](https://img.wattpad.com/cover/97095360-288-k254804.jpg)
YOU ARE READING
သူ၏အမိန့်
Fanfiction(Written both in Unicode and in Zawgyi) ဆန်းကြယ်မှု - ကောင်းမွန်သောဆန်းကြယ်မှုမဟုတ် ထူးခြားမှု-လူပုံအလယ်တွင်ကောင်းသောထူးခြားမှုမဟုတ် ၊အထီးကျန်မှုများနဲ့ရှင်သန်နေတဲ့ ကျွန်တော့်ဘဝထဲ အချစ်ဆိုတာကိုစတင်ထိတွေ့ခဲ့မိချိန်. ........ -Jaehyun အပယ်ခံဘဝထဲကနေ...