နှလုံးသားတစ်ခုရဲ့ ဒိုင်ယာရီ

271 39 18
                                    

"ချစ်နေစဉ်"

-နှလုံးသားရဲ့ အလိုကို
ရုပ်ဝတ္ထုတွေနဲ့ မတိုင်းတာပါနဲ့
ချစ်ခြင်းက စိတ္တဇနာမ်ဖြစ်တာမို့
သိပ်ချစ်မိတယ်ဆိုတာ ရင်ခုန်သံရဲ့ အမိန့်သာပါ ..။

"မျှော်ငေးနေစဉ်"

- စိတ်ချမ်းမြေ့မှုချည်း
မဆောင်ကြဉ်းနိုင်ပေမဲ့လည်း
အဝေးတစ်နေရာမှာ ရှိနေတဲ့
မင်းကို မျှော်ငေးကြည့်နေရယုံနဲ့
ကျေနပ်ပျော်ရွှင်နေမိတဲ့ ဘ၀တစ်ခုပါ ....။

"လွမ်းနေစဉ် "

- ချစ်ခြင်းတရားဟာ အဆုံးသတ်မှမရှိဘဲ ဘာဖြစ်လို့များ ပေါင်းစပ်ခြင်းလို့ အဓိပ္ပာယ် ဖွင့်နေမှာလည်း ...
ပေါင်းစပ်ခွင့်မရနိုင်ပေမဲ့
အဆုံးမဲ့ အချစ်တွေနဲ့
ချစ်နေမှာကိုတော့ ယုံကြည်ပေးပါ...။

ဒီလိုနဲ့ပဲ
လွမ်းစရာရှိတယ်ဆိုတာကိုက
ဘ၀မှာ ကျေနပ်ဖို့ ကောင်းနေပြီမို့
ငါလေ .. နင့်ကို ဆက်ကာ လွမ်းနေပါ့မယ်
သိပ်ချစ်မိတဲ့ အဝေးတစ်နေရာက
ငါ့ရဲ့ ရင်ခုန်ခြင်းကြယ်စင်လေးရယ် ....။

"တမ်းတနေစဉ်"

- အော် ..... နောက်ဆုံးတော့လဲ
ဒီတစ်ညအတွက်
ငါ့ရဲ့ ဒိုင်ယာရီထဲ
မင်းအတွက် ခံစားချက်တွေနဲ့
ပြည့်နှက်လို့ သွားခဲ့ပြန်ပီပဲ ....။

🌹Cuttiehsumindooly

Thx for reading my Diary 😍😍
~ ခံစားချက်ချင်းတူညီ၍ ရင်ဘက်ချင်းနီးပါရစေ
{25.2.2017}

"ချစ်နေစဉ်"

-နှလုံးသားရဲ့ အလိုကို

"မျှော်ငေးနေစဉ်"


"လွမ်းနေစဉ် "

အဆုံးမဲ့ အချစ်တွေနဲ့

ဒီလိုနဲ့ပဲ

"တမ်းတနေစဉ်"

- အော် ..... နောက်ဆုံးတော့လဲ
ဒီတစ်ညအတွက်
ငါ့ရဲ့ ဒိုင်ယာရီထဲ

🌹Cuttiehsumindooly

{25.2.2017}

My Precious Little World [Completed]Where stories live. Discover now