ချစ်အိမ်မက်

478 56 60
                                    


ပျော်ရွှင်စရာ နေ့လေးတစ်ရက်
မထင်မှတ်ပဲ သူ့ဆီက
မမျှော်လင့်တဲ့ စကားတစ်ခွန်း
ကြည်နူးစရာ ကြားခဲ့ဖူးတယ် . . .
"အရမ်းချစ်တယ်". . . တဲ့. . . ။

မောင့်ချစ်မေတ္တာ ချစ်သစ္စာနဲ့
ဧပရယ်နွေကို အေးမြစေပြီး
ဂျူလိုင်မိုးကို နှစ်ကိုယ်တူဖြတ်ကာ
ဒီဇင်ဘာဆောင်းကို နွေးဓာတ်ပေးလို့
တစ်ဘ၀လုံး ပျော်ရွှင်စွာနဲ့
ဖြတ်သန်းချင်တယ် . . . ။

မောင့်ချစ်စွမ်းအင် ဖန်ဆင်းအားနဲ့
မီးတောင်ကို ဖြတ်
ပင်လယ်ကို ကျော်
ဝေဟင်ယံမှာ ပျံကာဝဲလို့
၀င်ရိုးစွန်းထိ ရောက်အောင်သွားပြီး
ကမ္ဘာတစ်ပတ် လျှောက်လည်ချင်တယ် . . .။

တို့နှစ်ယောက်ရဲ့ ချစ်ကမ္ဘာမှာ
ရှင်မွေ့လွန်း နဲ့ မင်းနန္ဒာ
ရိုမီယို နဲ့ ဂျူးလိယက်လို
ကျိန်စာသင့်တဲ့ အချစ်မဖြစ်စေဘဲ
အာဒမ် နဲ့ ဧ၀ တို့ထက် ပိုချစ်ပြီး
အွန်စော နဲ့ rain လို
ချစ်စံအိမ်လေးမှာ
ပျော်ရွှင်မှုအပေါင်း ခညောင်းစေဖို့
ထာဝရ လက်တွဲ မဖြုတ်စတမ်းနော်. . .။

လှပလွန်းတဲ့ ထိုအိမ်မက်လေး
အိပ်စက်ရင်းနဲ့ အပြုံးမျက်နှာ
ကြည်နူးသာယာ ကမ္ဘာငယ်လေးမှာ
အကြိမ်ကြိမ်အလီလီ ခေါ်နှိုးနေသံကြားပါသော်ငြား
ဟင့်အင်း . . တကယ်
အိမ်မက်လေးရယ် မနိုးထချင်ဘူးကွယ်. . .။

🌹Cuttiehsumindooly

______________________________________

Sweet & Funny Poem လေးတစ်ခု ဘာရယ်မဟုတ် ညက အိမ်မက်မက်လို့ သတိတရလွမ်းမောစွာနဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်တည်ခဲ့ပြီ~~ 😁

တခါတလေ အိမ်မက်မက်ရင် အဲ့အိမ်မက်က မနိုးထချင်တော့တာ အမှန်တကယ်ပါ မနက်ရောက်လို့ အဲ့အိမ်မက်လေး အကြောင်းပြန်တွေးရင် ရင်ထဲမှာ တနုံ့နုံ့နဲ့ ခံစားလို့ကောင်းတုန်း ~~ 😥

အိမ်မက်ဆိုတာကလဲ
တကယ်ကြီးဖြစ်ပျက်သွားသလိုပဲ
ခံစားရတာကိုး ~~ 😔

အချစ်ဆုံးတွေနဲ့ ပက်သက်ပြီး အိမ်မက်တွေ ခဏခဏ မက်ဖူးတယ် ~~ 😱

Concert ပွဲမှာ Jimin ကိုယ့်အနား ရောက်လာပြီး Hi five တို့ Hug တို့ လုပ်သွားတဲ့ အိမ်မက်မျိုး ~~ ✌

My Precious Little World [Completed]Donde viven las historias. Descúbrelo ahora