စိတ်ကူးထဲက သူ

243 43 29
                                    


"စိတ်ကူးယဉ်"
စကားသုံးလုံးထဲပေမဲ့
ပျော်ပျော်ကြီးတွေး
မိန့်မိန့်ကြီးပြုံးပြီး
ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တယ် ....။

စိတ်ကူးယဉ်သည့်အခါ
ကျွန်မအနားမှာ
အချိန်ပြည့် သူရှိတယ် ....။

သူ့ အပြုံးတွေကို
ကျွန်မတစ်ယောက်ထဲ အတွက်သာ
ဖန်ဆင်းနိုင်တယ်....။

သူ့ရဲ့ ခန္ဓာကိုယ်ငယ်
ကျွန်မ မလွတ်စတမ်း
ထွေးပွေ့ထားနိုင်တယ်....။

သူ့ရဲ့ ကိုယ်သင်းရနံ့လေး
ကျွန်မ မ၀တမ်း
ရှူရှိုက်နိုင်တယ်....။

သူ့နှုတ်ဖျားက ကျွန်မနာမည်ခေါ်သံ
စိတ်ကြိုက် ပုံဖော်သီကျူးရင်း
ပွင့်ဟလာမဲ့ အချစ်စကားသံ
တစ်ဝကြီး နားသောတ ဆင်နိုင်တယ် ....။

အို .....ထိုသည့်သမျှ
လှပရပါသော

အနီရင့်ရင့်နဲ့ အစိမ်းနုနုတို့
ပေါင်းစပ်ပြီး အပြာဖျော့ဖျော့လေး ရောခြယ်ထားတဲ့

သူရှိရာ စိတ်ကူးယဉ်
ကမ္ဘာငယ်လေးထဲမှာသာ
ကျွန်မ ပျော်မွေ့တယ် ....။

🌹Cuttiehsumindooly

✌ ✌ ✌✌✌
💝 Thx for Reading 💝
ခံစားချက်ချင်းတူ၍ 😍
ရင်ဘက်ချင်းနီးပါရစေ 😘

(17.3.2017)



"စိတ်ကူးယဉ်"
စကားသုံးလုံးထဲပေမဲ့
ပျော်ပျော်ကြီးတွေး

စိတ်ကူးယဉ်သည့်အခါ
ကျွန်မအနားမှာ
အချိန်ပြည့် သူရှိတယ် ....။

သူ့ အပြုံးတွေကို
ဖန်ဆင်းနိုင်တယ်....။

သူ့ရဲ့ ခန္ဓာကိုယ်ငယ်
ကျွန်မ မလွတ်စတမ်း
ထွေးပွေ့ထားနိုင်တယ်....။

ကျွန်မ မ၀တမ်း
ရှူရှိုက်နိုင်တယ်....။


အို .....ထိုသည့်သမျှ
လှပရပါသော


သူရှိရာ စိတ်ကူးယဉ်
ကမ္ဘာငယ်လေးထဲမှာသာ
ကျွန်မ ပျော်မွေ့တယ် ....။

🌹Cuttiehsumindooly

✌ ✌ ✌✌✌
💝 Thx for Reading 💝
ခံစားချက်ချင်းတူ၍ 😍
ရင်ဘက်ချင်းနီးပါရစေ 😘

(17.3.2017)

My Precious Little World [Completed]Donde viven las historias. Descúbrelo ahora