သာမန်ရှင်သန်ရာ ဘ၀ထဲမှာဆို
ကိုယ်ဟာ စကားနည်းသူ
မာနကြီးသူ
မချစ်တတ်သူ
မိန်းမတစ်ယောက်တဲ့
သူတို့တွေ ပြောကြတယ် ....။ဒါပေမဲ့ ကိုယ်တကယ်
ချစ်တတ်တာ
အချစ်ကြီးတယ်ဆိုတာကို
သူတို့ မသိဘူးလေ ...။မသိလဲနေပါစေ
သိအောင် ဖွင့်ထုတ်မပြချင်တာမို့ ....။ဒီမိန်းကလေးက သာမာန်ဘ၀ကြီးထဲမှာ မပျော်မွေ့ဘဲ Kpopper တစ်ယောက်အဖြစ်
Fangirl ဘ၀ကိုပဲ ခုံမင်နှစ်သက်တာကို
သူတို့ နားလည်နိုင်ပါ့မလား....။နားမလည်လဲ နေပါစေ
ရှင်းပြချင်စိတ် တစိုးတစိမျှ မရှိတာမို့ ...။ဟန်ဆောင်မျက်နှာဖုံးကို ကျွမ်းကျင်စွာ တပ်ထားပြီး ရုန်းကန်လှုပ်ရှားနေရတဲ့
ထိုလောကကြီးထဲမှာ
ကိုယ်မပြုံးတတ်ခဲ့ပေမဲ့
ကိုယ်တကယ် ပျော်တတ်တာ ရယ်မောတတ်တာကို
Kpopper တွေပဲ သိပါစေ ...။ဟန်ဆောင်နှလုံးသားနဲ့ ကျောက်ရုပ်တစ်ရုပ်လို
သွားလာနေမိတဲ့ ထိုလောကကြီးထဲမှာ
ကိုယ်မချစ်တတ်ပေမဲ့
ကိုယ်တကယ်ချစ်တတ်လွန်းတာကို
ရင်ထဲက ကြယ်ပွင့် Idol လေး
သိနိုင်မယ်ဆိုရင်ပဲ
ကျေနပ်ပါပြီလေ ....။🌹Cuttiehsumindooly
⭐ ⭐ ⭐ ⭐ ⭐ ⭐ ⭐ ⭐
A/N: ဒီကဗျာလေးရေးပြီး ရင်ဖွင့်မိတာ အပြင်လောကမှာ အထီးကျန်ဆန်ပြီး မပျော်တာတွေ ရှိလို့ပါ 😔
👩 အပြင်မှာဆို တို့က စကားနည်းတယ် အပေါင်းအသင်းမရှိဘူး ... ရှိတဲ့သူငယ်ချင်း အနည်းအကျဉ်းကလဲ ကိုယ်နဲ့ အဝေးတစ်နေရာစီမှာ ...😖
ဒါကြောင့် အများက လက်ခံထားတာ တို့ဟာ စကားနည်းပြီး အနေအေးသူတစ်ယောက် ...😳
ဒါပေမဲ့ Kpopper Saeng လေးတွေနဲ့ဆိုရင်တော့ ပေါက်ပေါက်ဖောက်လွန်နေတာ
ရှင်လေးတို့ အသိ ...😂 😂❄ ❄ ❄ ❄ ❄ ❄ ❄ ❄ ❄ ❄
👩 တို့ကို ရည်းစားစကားပြောတဲ့သူတိုင်းကို မချစ်ချင်ဘူး ပြောပြီး ငြင်းခဲ့ဖူးတယ် 😪
ဒါကြောင့် သူတို့တွေ သတ်မှတ်လိုက်တာ တို့ဟာ မချစ်တတ်သူ တစ်ယောက် 😷
YOU ARE READING
My Precious Little World [Completed]
Randomနှလုံးသားတစ်ခုလုံးနှင့်အမျှ ချစ်မြတ်နိုးရပါသော Idolလေးများအတွက်ရည်ရွယ်ရေးဖွဲ့ထားတဲ့ ခံစားချက်ကဗျာများဖြစ်ပါသည်။ Just Feelings for my love!!