အနှိုင်းမဲ့ချစ်ခြင်း

233 34 17
                                    

🔥နွေရာသီမှာ
ကြည်လင်နေတဲ့ မိုးကောင်းကင်ပြာနဲ့
ရွှေဝါရောင် ပန်းပိတောက်ကို
ငါနှစ်သက်တယ် ....။

☔မိုးရာသီမှာ
တဖွဲဖွဲကြွေကျနေတဲ့ မိုးစက်ပွင့်လေးတွေနဲ့
မိုးကိုကြိုဆိုတဲ့ ပုန်းညက်ပန်းလေးကို
ငါမြတ်နိုးတယ် ....။

🎄ဆောင်းရာသီမှာ
အိမ်ခေါင်မိုးပေါ်က နှင်းဖွေးဖွေးလေးတွေနဲ့
ဆောင်းရဲ့သခင် တော်ဝင်ပန်းသဇင်ကို
ငါတန်ဖိုးထားတယ် ...။

💝 သို့ပေမဲ့
တစ်နှစ်တာ အနှိုင်းမဲ့စွာ
ထိုအလှတရားအားလုံးထက်တော့
ငါမင်းတစ်ယောက်သာ
ပိုကာနှစ်သက် မြတ်နိုး
တန်ဖိုးထားရင်း ရူးသွပ်စွာနဲ့
စွဲစွဲလမ်းလမ်း ချစ်တယ် ...။

🌹 Cuttiehsumindooly

အခုတလော နက်နက်ရှိုင်းရှိုင်း လှလှပပ ခံစားမှုစာသားတွေမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး အချစ်သီးသန့် ကဗျာလေးတွေပဲ ရေးနေမိတော့ ကဗျာချစ်သူ စာဖတ်သူတွေ ငြီးငွေ့လို့များနေလေမလား ??

💝LOVE U All
Thz for reading
[22.9.2017]

🔥နွေရာသီမှာ
ငါနှစ်သက်တယ် ....။

☔မိုးရာသီမှာ
ငါမြတ်နိုးတယ် ....။

🎄ဆောင်းရာသီမှာ
ငါတန်ဖိုးထားတယ် ...။

💝 သို့ပေမဲ့
ငါမင်းတစ်ယောက်သာ

🌹 Cuttiehsumindooly


💝LOVE U All
Thz for reading
[22.9.2017]

My Precious Little World [Completed]Where stories live. Discover now