သို့ ... ချစ်ရသူ "ကို"

250 33 44
                                    

"ကိုကို" အကြောင်းတွေကိုတွေး
ကြယ်စုတွေကိုငေးလို့
အလွမ်းဒဏ်ရာတွေကြောင့်
တို့ရဲ့ ညတွေ သိပ်အထီးကျန်ဆန်တယ်
ချစ်ရသူ "ကို"။

စကားလုံးတွေနဲ့ မဖော်ပြနိုင်တဲ့
ရင်ထဲက နှလုံးသား ဘာသာစကား
"ကိုကို" တစ်ယောက်ထဲ ချစ်တယ်ဆိုတဲ့အကြောင်းကို
"ကိုကို" နားတော်ဆီရောက်အောင် ပြောပြနိုင်ဖို့တော့ ခက်မယ်ထင်တယ်
ချစ်ရသူ "ကို"။

"ကိုကို့" အနားမရှိနိုင်တဲ့ တို့ဘ၀မှာ
အလွမ်းတွေကို အဖော်ပြုလို့
မျှော်လင့်ချက်တွေနဲ့
အသက်ဆက်နေဦးမယ်
ချစ်ရသူ"ကို"။

ဝေးကွာမှုဆိုတဲ့ ခံစားချက်ဟာ
ပင်ပန်းလွန်းပေမဲ့
ဝေးကွာမှုရဲ့ အဆုံးသတ်
တို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့
"ကိုကို" နဲ့ ဆုံစည်းနိုင်မှုဆိုတာတော့ ရှိလာလိမ့်မယ်ဆိုတာ
ယုံကြည်စွာနဲ့ စောင့်မျှော်စဲပါ
ချစ်ရသူ"ကို"။

အခုတော့လဲ
မျက်ရည်တွေလည်းခမ်း
နှလုံးသားလည်းနွမ်းလို့
"ကိုကို" လာမဲ့လမ်းကို စောင့်စားရင်း
မျှော်လင့်ခြင်းကမ်းပါးမှာ
တို့တစ်ယောက်တည်းပါ
ချစ်ရသူ"ကို"။

🌹Cuttiehsumindooly

ရေးရင်းရေးရင်း ငိုချင်သွားတယ် 😔

"ကို" ဆိုတဲ့ ကဗျာလေးကို ပိုခံစားလို့ ကောင်းအောင် အနည်းငယ် ပြန်ပြင်ဆင်ထားပါတယ်။

ချစ်ရတဲ့ "ကိုကို" နဲ့ ကဗျာလေး ခံစားကြည့်ချင်တဲ့ စန်လေးအတွက် အမှတ်တရလက်ဆောင်
This Poem is present for my saeng snowkook 😘

Media ကပုံလေးကိုပါ စားချင်စရာ အဲလေ ချစ်စရာ Kookie (ကွတ်ကီး) လေး တင်ပေးထားတယ်နော် စန်လေး ဟီး 😁

"ကို" ဆိုတဲ့ ကဗျာလေးကို ခံစားသက်ဝင်နိုင်ပါစေလို့ ဆန္ဒပြုလျက် 😍

Reader လေးတွေအနေနဲ့ တခြားခံစားချင်တဲ့ ပုံစံလေးတွေ ရှိရင်လဲ ပြောပါ အမှတ်တရဖြစ်အောင် ရေးပေးပါ့မယ်လို့ 😘

"ကိုကို" အေၾကာင္းေတြကိုေတြး
ၾကယ္စုေတြကိုေငးလို႔
အလြမ္းဒဏ္ရာေတြေၾကာင့္
တို႔ရဲ႕ ညေတြ သိပ္အထီးက်န္ဆန္တယ္
ခ်စ္ရသူ "ကို"။

စကားလံုးေတြနဲ႔ မေဖာ္ျပနိုင္တဲ့
ရင္ထဲက နွလံုးသား ဘာသာစကား
"ကိုကို" တစ္ေယာက္ထဲ ခ်စ္တယ္ဆိုတဲ့အေၾကာင္းကို
"ကိုကို" နားေတာ္ဆီေရာက္ေအာင္ ေျပာျပနိုင္ဖို႔ေတာ့ ခက္မယ္ထင္တယ္
ခ်စ္ရသူ "ကို"။

"ကိုက႔ို" အနားမရွိနိုင္တဲ့ တို႔ဘ၀မွာ
အလြမ္းေတြကို အေဖာ္ျပဳလို႔
ေမ်ွာ္လင့္ခ်က္ေတြနဲ႔
အသက္ဆက္ေနဦးမယ္
ခ်စ္ရသူ"ကို"။

ေ၀းကြာမႈဆုိတဲ့ ခံစားခ်က္ဟာ
ပင္ပန္းလြန္းေပမဲ့
ေ၀းကြာမႈရဲ႕ အဆံုးသတ္
တို႔ရဲ႕ ေမ်ွာ္လင့္ခ်က္ျဖစ္တဲ့
"ကိုကို" နဲ႔ ဆံုစည္းနိုင္မႈဆိုတာေတာ့ ရွိလာလိမ့္မယ္ဆိုတာ
ယံုၾကည္စြာနဲ႔ ေစာင့္ေမ်ွာ္စဲပါ
ခ်စ္ရသူ"ကို"။

အခုေတာ့လဲ
မ်က္ရည္ေတြလည္းခမ္း
နွလံုးသားလည္းႏြမ္းလို႔
"ကိုကို" လာမဲ့လမ္းကို ေစာင့္စားရင္း
ေမ်ွာ္လင့္ျခင္းကမ္းပါးမွာ
တို႔တစ္ေယာက္တည္းပါ
ခ်စ္ရသူ"ကို"။

🌹Cuttiehsumindooly

ေရးရင္းေရးရင္း ငိုခ်င္သြားတယ္ 😔

"ကို" ဆိုတဲ့ ကဗ်ာေလးကို ပိုခံစားလို႔ ေကာင္းေအာင္ အနည္းငယ္ ျပန္ျပင္ဆင္ထားပါတယ္။

ခ်စ္ရတဲ့ "ကိုကို" နဲ႔ ကဗ်ာေလး ခံစားၾကည့္ခ်င္တဲ့ စန္ေလးအတြက္ အမွတ္တရလက္ေဆာင္
This Poem is present for my saeng snowkook 😘

Media ကပံုေလးကိုပါ စားခ်င္စရာ အဲေလ ခ်စ္စရာ Kookie (ကြတ္ကီး) ေလး တင္ေပးထားတယ္ေနာ္ စန္ေလး ဟီး 😁

"ကို" ဆိုတဲ့ ကဗ်ာေလးကို ခံစားသက္၀င္နိုင္ပါေစလို႔ ဆႏၵျပဳလ်က္ 😍

Reader ေလးေတြအေနနဲ႔ တျခားခံစားခ်င္တဲ့ ပံုစံေလးေတြ ရွိရင္လဲ ေျပာပါ အမွတ္တရျဖစ္ေအာင္ ေရးေပးပါ့မယ္လို႔ 😘

My Precious Little World [Completed]Where stories live. Discover now