ချစ်သူရေ...
နွေမှာဆို
အသူရာက အပူဖြာလို့
ချွေးတရွှဲရွှဲနဲ့ ယပ်ခတ်နေရပြီ...။မိုးမှာလဲ
ကောင်းကင်ယံက ငိုညည်းလို့
စင်္ကြာဝဠာတစ်ခုလုံး ရွှဲရွှဲစိုကုန်ပြီ ...။ဆောင်းရောက်ပြန်တော့
မြောက်လေပြန်
ဆောင်းဟေမာန်ကြောင့်
ဒို့ကမ္ဘာမှာ ခိုက်ခိုက်တုန်ရပြီ ..။ရာသီယန္တရားက
လောင်စာဆီ ပေါလို့ထင်ပါရဲ့
အချိန်မှန်ခုတ်မောင်းနေတော့တာပါပဲ ...။ရာသီတွေအလီလီပြောင်း
အချိန်တွေ ဘယ်လိုပဲ ကုန်ဆုံးသွားလဲ
မပြောင်းလဲသေးတာ
မင်းအတွက် ဖန်ဆင်းထားတဲ့
ငါ့ရင်တွင်းက ချစ်ခြင်းသာ...။ဒါကြောင့်မို့
အလွမ်းကင်းကင်း
ခမ်းနားတဲ့ ချစ်ခြင်းနဲ့
ရွက်ကြွေညနေခင်းမှာ
ချစ်သူရင်ခွင်အတွင်း
တစ်သက်စာရင်းပြီး
ခိုနားခွင့်လေး ရချင်မိပါရဲ့ ....။ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်ပေါ့ ...။
Cuttiehsumindooly🌹
I Miss U So much 😳
💝 💝 💝 💝 💝 💝
I Love U So much 😍
💝 💝 💝 💝 💝 💝 💝Thanks For Reading Poems ...😙 😙
{25.1.2017}ခ်စ္သူေရ...
ေႏြမွာဆို
အသူရာက အပူျဖာလို႔
ေခြၽးတ႐ႊဲ႐ႊဲနဲ႔ ယပ္ခတ္ေနရၿပီ...။မိုးမွာလဲ
ေကာင္းကင္ယံက ငိုညည္းလို႔
စၾကၤာ၀ဠာတစ္ခုလံုး ႐ႊဲ႐ႊဲစိုကုန္ၿပီ ...။ေဆာင္းေရာက္ျပန္ေတာ့
ေျမာက္ေလျပန္
ေဆာင္းေဟမာန္ေၾကာင့္
ဒို႔ကမၻာမွာ ခိုက္ခိုက္တုန္ရၿပီ ..။ရာသီယႏၲရားက
ေလာင္စာဆီ ေပါလို႔ထင္ပါရဲ႕
အခ်ိန္မွန္ခုတ္ေမာင္းေနေတာ့တာပါပဲ ...။ရာသီေတြအလီလီေျပာင္း
အခ်ိန္ေတြ ဘယ္လိုပဲ ကုန္ဆံုးသြားလဲ
မေျပာင္းလဲေသးတာ
မင္းအတြက္ ဖန္ဆင္းထားတဲ့
ငါ့ရင္တြင္းက ခ်စ္ျခင္းသာ...။ဒါေၾကာင့္မို႔
အလြမ္းကင္းကင္း
ခမ္းနားတဲ့ ခ်စ္ျခင္းနဲ႔
႐ြက္ေႂကြညေနခင္းမွာ
ခ်စ္သူရင္ခြင္အတြင္း
တစ္သက္စာရင္းၿပီး
ခိုနားခြင့္ေလး ရခ်င္မိပါရဲ႕ ....။ဆုေတာင္းတိုင္းသာ ျပည့္မယ္ဆိုရင္ေပါ့ ...။
Cuttiehsumindooly🌹
I Miss U So much 😳💝 💝 💝 💝 💝 💝
I Love U So much 😍
💝 💝 💝 💝 💝 💝 💝
Thanks For Reading Poems ...😙 😙
{25.1.2017}
ESTÁS LEYENDO
My Precious Little World [Completed]
De Todoနှလုံးသားတစ်ခုလုံးနှင့်အမျှ ချစ်မြတ်နိုးရပါသော Idolလေးများအတွက်ရည်ရွယ်ရေးဖွဲ့ထားတဲ့ ခံစားချက်ကဗျာများဖြစ်ပါသည်။ Just Feelings for my love!!