•unicode
အရေးပေါ်အဆောင်မှ ထွက်လာပြီး ပြင်ပလူနာဌာန သို့ထွက်လာခဲ့သည်။ ပြင်ပလူနာဌာနဘက်သို့ ဦးတည်၍သာ ဘေးဘီဝဲယာကို သတိမထားဘဲ ရှေ့ကိုသာ ဦးတည်၍ လျှောက်လာသည်။ လူနာအခန်းများကိုကျော်လွန်၍ လျှောက်လာခဲ့ပြီး လှေကားထောင့်ချိုးအခန်းမှ ဆူညံ့သံများကို သဲ့သဲ့ကြားမိသည်။
ဘာတွေ ဒီလောက်တောင်ဆူညံ့နေရတာလဲဟုပြောရင်း အခန်းထဲသို့ဝင်သွားမိသည်။
ဟိုတစ်ယောက် ပဲ။' ဒီမှာ ကိုယ့်ဆရာတို့၊ ဒါဆေးရုံနော် တခြားလူနာတွေလည်းရှိတယ်၊ စည်းကမ်းရှိပါစေ'ဟုငေါက်လိုက်ပြီး ထွက်လာခဲ့သည်။
' ထွဋ်ကို...ဟေ့ကောင်၊ ဒီကောင်လေးက စွာလှချည်လား ၊ ကြည့်ရတာတော့ ငါတို့ထက်ငယ်မှာသေချာတယ်၊ မင်းဒီအတိုင်းထားမှာလား၊နည်းနည်းပါးပါးပညာလေးဘာလေး မပေးတော့ဘူးလား '
ထွဋ်ကိုက ခပ်ကျယ်ကျယ်ရယ်ကာ မင်းကြည့်လိုက်စမ်းပါ ဟု ပြော၍ အခန်းထဲမှထွက်လာလိုက်သည်။
ဟော်...တွေ့ပါပြီ လူစွာလေး ။ မပီမသ နှုတ်ခမ်းကွေးရုံမျှ ပြုံးရင်း အမှီပြေးလိုက်သွားသည်။' ဒီမှာ...ဒီမှာ...ဟေ့'
အနောက်မှ ရင်းနှီးနေဖူးသော အသံကြောင့် ခြေလှမ်းများကို ရုတ်ချည်းရပ်တန့်လိုက်မိသည်။ ခေါင်းကို အနောက်ဘက်သို့ ချာခနဲ လှည့်ကြည့်လိုက်သည်။ဪ သူကို...။
ကိစ္စထွေထွေထူးထူးရှိလို့လား ဗိုလ်ကြီး ဟု အပြုံးမရှိသော နှုတ်ခမ်းများကို အပေါ်သို့တွန့်၍ ပြောလိုက်သည်။
' စကားခဏပြောလို့ရလား ညီ '
ညီ လို့ခေါ်လိုက်တာလား.။
ညီဆိုသော နာမ်စားကို တက္ကသိုလ်စတက်သည်ကတည်းက တာဝန်ကြသည်အထိ၊စီနီယာ ဂျူနီယာ ဆက်ဆံရေးတွင် နိစ္စဒူဝကြားခဲ့ရပါ၍ မထူးဆန်းတာတော့ အမှန်ပါ။
သို့သော်.... တခြားသူတို့ခေါ်သောအသံထက် ပို၍ချိုသာနေသည်။နှလုံးသားကိုနွေးထွေးစေသည်။ ဘယ်ဘက်ရင်အုံအောက် အစိတ်အပိုင်း တစ်ခုသည် မသိမသာ လှုပ်ခက်နေသည်။ မသိစိတ်တို့က ဦးနှောက်ကို လွှမ်းမိုးနေလေပြီ။ ညီ ဟူသော ခေါ်သံတွင် ကြည်လင်ပြတ်သားမှု၊ နွေးထွေးမှု၊ ဆွဲဆောင်နိုင်မှုနှင့် ဩဇာညောင်းမှုတို့ပါ ပါ၀င်နေသည်။