Apart

1K 121 9
                                    

Krystal တယောက် Amber ပြင်ဆင်ပေးနေသော လွယ်အိတ်နား ရစ်သီရစ်သီ ဖြင့် ပြုံးနေလေသည်။အမတယောက်လုံး အကောင်းတိုင်းရှိနေသေးသောကြောင့် လောကကြီးက သာယာနေသည်။အလုပ်ရှုပ်နေသော Amber ပါးအား ဆွဲလိုက် လိမ်လိုက်ဖြင့် ကစားနေသည်

[Krystal] Amber ငါ့ရဲ့ monkeyလေး Amber

[Amber]တော်ပါ ရုပ်က အမျိုးမျိုး ကြည့်လို့ကို မရဘူး

[Krystal] unnie အသက်ရှင်နေတာ နင်ကမပျော်ဘူးလား

[Amber] Unnie က ငါ့အတွက်လဲ အမတယောက်ပဲ ငါသူ့ကို ကြောက်ပေမဲ့ ချစ်လဲချစ်ပါတယ်

[Krystal] အာ့ကြောင့် ချစ်တာ
Krystal တယောက် ပြောပြောဆိုဆို ဖြင့် Amber ပါးအားဆွဲနမ်းလိုက်လေသည်။နူးညံ့သော နှုတ်ခမ်းအစုံက သူ့ပါးပြင်ကျရောက်လာမှုကို Amber မယုံနိုင်။မျက်လုံး အဝိုင်းသားလေးဖြင့် သူ့ပါးသူကိုင်ကာ ကျောက်ရုပ်ဖြစ်နေလေသည်။Krystal မှာတော့ အနမ်းပေးပြီးတာနှင့် အရူးမလေးတယောက်အလား ကခုံ၍ သူ
မဟုတ်သလို ထွက်သွားလေသည်

ပူးနွေးနေသော ပါးပြင်လေးကိုင်ထားရာမှ
[Amber] yahh...နောက် နောက်တခါ နမ်းမယ်ဆို အရင်ပြော ငါ ငါက အဲလိုတွေနဲ့ ရင်းနီးတာမဟုတ်ဘူး
Amberမှာ စကားများပင်ထစ်ကုန်လေပြီ။သို့သော် ဟိုအရူးမလေးမှာတော့ အော်ဟစ်ကာ သီချင်းဆိုရင် ကခုန်နေလေသည်။

[Amber] ငါ့ကို Heart Attack ရအောင်လုပ်နေတယ်
Krystal ရှိသေးလားဟု ချောင်းကြည့်၍ မရှိဆိုသည်နှင့် သူမလည်းအပျော်လွန်၍ ဒွန့်လေသည်။မတည့်အတူနေနှစ်ယောက်စရိုက်မှာလည်း တူလွန်းလှပေသည်။

-------------------------
Jessica နှင့်Anacamusuu ရေအိုင်နားလေး၌ဘေးချင်းကပ်ထိုင်ရင်း နေဝင်အလှကိုကြည့်နေလေသည်။အချိန်အတော်ကြာပြီးမှ Jessica စကားစလိုက်သည်

[Jessica] နင် လူတွေကို မယုံနဲ့နော် အထူးသဖြင့်ယောကျာ်းတွေ

[Anacamusuu] အဲဒါတော့ နင်ပြောစရာမလိုဘူး နင်သာယောကျာ်းဆိုရင် အဲ့နေရာမှာပဲ သတ်ပစ်လိုက်ပြီ

[Jessica] ငါအကောင်းပြောနေတာ ခုခေတ်က လိင်စော်ကားမှုတွေများတယ် ပြီးတော့

Jessica တယောက် Anacamusuu ၏မက်မောဖွယ်ခန္ဓာကိုယ်အား ကြည့်ရင်း တကယ်ပင်စိတ်ပူလေသည်။အချိုးကျသောကိုယ်လုံး ချောမောသည့် မျက်နှာလေးကို ယောကျာ်းများလိုချင်သည်မှာ မလွှဲဧကန်ပေ။

EGYPT CODEWhere stories live. Discover now