Jessica ဆေးကုသမှုခံယူပြီးနောက် ဆရာဝန်ခွင့်ပြုချက်ဖြင့် ဆေးရုံဆင်းခွင့်ရခဲ့သည်။ဆေးရုံဆင်းသည့်နေမှာစ၍ Yuriဆိုသည်မှာ ဘေးနားမှ ထပ်ချက်မကွာ အပျောက်မခံဖြစ်နေလေသည်။
[Yuri] Sica နားနားနေနေ နေပါဆို
[Jessica] Yuriရယ် ငါနေကောင်းနေပါပြီ ရေသောက်တာတော့ငါပဲ လုပ်ပါရစေ
Yuri ကတော့ ပြုံးပြရင်း သူမပခုံးနှစ်ဖက်ကို ကိုင်ကာ ထိုင်နေသည်နေရာ ကုတင်ပေါ်သာ ပြန်ထိုင်ခိုင်းလိုက်သည်။
[Yuri] ဒီမှာပဲထိုင်ပါ သခင်မလေးရယ် ယူပေးပါ့မယ်
Jessicaလည်း Yuri ခေါင်းမာမှုကို နိုင်တာမှ မဟုတ်တာ
[Jessica] တကယ်ပါ ကိုယ်ဘာသာလုပ်ပါမယ်ဆို
[Yuri] ဒီမယ် မတော်လို့ မူးလဲကျရင် ကိုယ်တွေပဲ ရင်ကျိုးရမှာ မလုပ်နဲ့ အကုန်လုပ်ပေးမယ်
[Jessica] ဒါဆို Hyomin ဆီမသွားဘူးလား
[Yuri] အလုပ်ထွက်လိုက်ပြီ
[Jessica] wae?????
[yuri] Sica နဲ့ အတူရှိနေတဲ့ အချိန်နည်းနေလို့ ဒါကြောင့် ခုကစပြီး sica ဘေးမှာပဲ နေတော့မယ် တခါတလေတော့လည်း Hyomin ဆီသွားကူညီမှာပေါ့
ထိုစကားကြောင့် Sica မျက်နှာလေး ညှိုးသွားရှာသည်။
[Jessica] ငါ့ကြောင့် နင့် အလုပ်[Yuri] ရူး .... မဟုတ်ဘူးလို့ပြော ပြီးပြီ မလား Sicaနဲ့ရှေ့ဆက်ရမဲ့လမ်းအတွက် ကြိုးစားမှာပါ ဒါပေမဲ့ sica လက်ကိုဆွဲပြီး တူတူ ကြိုးစားမှာ နှစ်ယောက် တစ်ကမ္ဘာပေါ့
Jessica ကတော့ Yuri စကားလေးတွေထဲ တဖြုတ်ဖြုတ်ကြွေရှာပေါ့
[Jessica] Babo!!!
[Yuri] အဲဒီ babo ကိုပဲ ချစ်နေတာမလား
Jessica မျက်နှာကြီးရစရာမရှိအောင် နီရဲနေလေသည်။
[Jessica] ....
[Yuri]Sica...
[Jessica] humm!!!
[Yuri] sica ကိုအသက်နဲ့လဲပြီးကာကွယ်ပါ့မယ်
[Jessica] အသက်နဲ့လဲ စရာမလိုပါဘူး နှလုံးသားနဲ့ပဲ လဲပြီးချစ်ပေးပါ...Yuriကသာ နှလုံးသားနဲ့ ရွေးချယ်တတ်အောင်သင်ပေးခဲ့တဲ့လူဖြစ်လို့ ...ခု နှလုံးသားနဲ့ ပုံပြီး ချစ်တတ်နေပြီ အဲဒါကြောင့်ပဲ ဆုံးရှုံးရမှာကြောက်မိတယ်။ဒါကြောင့် ပို ချစ်ပေးပါ။