Hyomin's POV
ဘာလိုလိုနဲ့ Yuri ကျွန်မအိမ် ရောက်လာတာတောင် တစ်လပြည့်တော့မယ်။ဒါပေမဲ့ ကျွန်မ သူ့အကြောင်း သေသေချာချာ မသိတာတော့ အမှန်ပါ။လွန်ခဲ့ တဲ့ တစ်လမတိုင်ခင်က အာရုံတက် ချိန်ကြီး လမ်းမပေါ်မှာ ဘယ်ကနေဘယ်လိုပေါ်လာမှန်း မသိသည့် သူမကို ကျွန်မကားနဲ့ တိုက်မိရင်းက သိခဲ့တာပါ။ထူးဆန်းတာက ကျွန်မ သူနဲ့ တိုက်မိသွားတာတောင် သူက မူးလဲရုံမှ အပ ဘာမှ မဖြစ်ဘူး။ကျွန်မ ဆေးရုံသွားဖို့ တိုက်တွန်းပေမဲ့ သူက မသွားဘူးကြီးပဲ ပြောနေရှာတာ။ဒါနဲ့ ကျွန်မ ဘာမှ မလုပ်တတ်တဲ့ အဆုံး အိမ်ခေါ်လာခဲ့တာ။သူကကျွန်မ ထင်ထားတာထက်ပို ဖြူစင်တယ်။ကျွန်မ သူ့အကြောင်းမေးပါတယ်။ဒါပေမဲ့ သူက သူနာမည်က လွှဲရင် ဘာမှ မပြောဘူး။နောက်တစ်ခုထူးဆန်းတာက ညဘက်ဆို အပြင်သွားတက်ပြီး လင်းအာရုံတက်ချိန်ပြန်လာပြီ ဆိုတာနဲ့ သူမ အမြဲငိုတယ်။ကျွန်မ လည်း အိပ်ချင်မူးတူးနဲ့ သူကို့ ချော့ရတာပေါ့။သူမ ညဘက်ဘယ်သွားလဲ ကျွန်မ မေးမနေပါဘူး။သူက လူကောင်းတယောက်ပဲ သူ့ကိစ္စတော့သူရှိမှာပေါ့ ဒါကလည်း ကျွန်မစရိုက်ပဲ ကိုယ်ဘာသာနေတတ်တာပဲပြောရမလား။အဲချိန် ဆို သူတစ်ခုပဲ ပြောတယ် Jessica တဲ့။သူ ကျွန်မကို အဲချိန် ဆို Jessica လို့ အမြဲခေါ်တယ်။ကျွန်မက Jessica ဘယ်သူလဲ မေးတော့ သူက သူကို အရမ်းဂရုစိုက်တဲ့သူတဲ့ ကျွန်မ နဲ့ အရမ်းတူတယ်တဲ့။အဲဒါကြောင့် သူကျွန်မဘေးမှာနေနေတာလို့ ပြောတယ်။ကျွန်မ သူမဘာပြောနေမှန်းရေရေရာရာ မသိပေမဲ့ သူမကျွန်မ နဲ့ ရှိနေရင် လုံခြုံတယ် ခံစားရတယ်။အဲဒါကြောင့် လည်း သူမကို သံယောစဉ်တွယ်မိသလို မောင်းလဲ မထုတ်ရက်ဘူး။
[Yuri] Hyomin shi...
ကျွန်မအတွေးတွေ ထဲ မြောနေလိုက်တာ Yuri ကျွန်မရှေ့ လက်ကလေးဝဲရင်းခေါ်နေမှသတိထားမိသည်။[Hyomin] Aww yuriဘာလို့လဲ
[Yuri] ငါအပြင်သွားတော့မယ် နေဝင်နေပြီ အဲ့ဒါပြောမို့
ကျွန်မပြောတာ မှန်တယ်မလား။သူမ နေဝင် ပြီဆိုတာနဲ့ အိမ်မကပ်တော့ပေ။ဒါကလည်း ကျွန်မအတွက် အထူးအဆန်းတော့မဟုတ်။သူလည်း အရွယ်ရောက်ပြီးသားပဲလေ။သူ့ကိုယ်ပိုင် လွတ်လပ်ခွင့်တော့ရှိရမှာပေါ့