Jessica's POV
ကျွန်မလေ အခန်းထောင့်အမှောင်လေးထဲ ထိုင်ရင်း အမြဲစဉ်းစားမိတယ်။လူတွေဘာလို့သတ်သေကြလဲဆိုတာ?အစက ကျွန်မလို arrogantဖြစ်တဲ့ မိန်းမအတွက် အဖြေ အရမ်းရှားပါတယ်။ကျွန်မရှေ့ သတ်သေသွားတဲ့ လူတစ်စုကိုနားမလည်နိုင်ပဲအမြဲ အပြစ်တင်မိတယ်။ဘာလို့များ ဒီလောက် အရှုံးပေးလွယ်ကြတာလဲ,ဘာလို့များ သူများတွေ မသေချင်တာတောင် မခွဲခွာချင်တာတောင် ခွဲခွာနေရတဲ့ အချိန်မှာ သူတို့က လွတ်လမ်းတွေရှာသွားကြတာလည်း ကျွန်မ တွေးမရဘူး။ကျွန်မက အရှုံးပေးလွယ်တဲ့သူမဟုတ်တော့ ကျွန်မအတွက်ထိုသူတွေကို ရွံစရာ လုပ်ရက်လို မြင်နေခဲ့တယ်
အခု တော့ ကျွန်မနားလည်သွားပြီ။
ကျွန်မအခုအရမ်းအထီးကျန်နေတယ်။ကျွန်မဘေးနား အရမ်းချစ်ရတဲ့ ညီမလေးရှိနေတာတောင် ကျွန်မ လွတ်လမ်းရှာချင်လာတယ်။မဟုတ်ဘူး ကျွန်မ လွတ်လမ်းရှာနေတာ မဟုတ်ဘူး ကျွန်မ တွေ့သွားးတာ။တစ်ခါတစ်လေ လူတွေက တစ်ကိုယ်ကောင်းဆန်တယ်တဲ့ အခု ကျွန်မအဲ့အခြေအနေကို ခံစားနေရပြီ။ကျွန်မ ဘဝမှာ SOOJUUNG လေးကြောင့် အသက်ကြိုးစားရှင်နေခဲ့ပေမဲ့ ခုတော့ ကျွန်မ ဆက်မရှင်တော့ဘူး။Soojung ကို မချစ်တာ မဟုတ်ပေမဲ့ ကျွန်မ တကယ် လောကကြီးရဲ့ ကျီစားမှု မခံနိုင်တော့တာပါ။
တကယ်ပါ လောကကြီးက လူတွေကို နည်းမျိုး စုံနဲ့ကျီစယ်တယ်။ကျီစယ်လို့မဝသေးရင် အပြီးပိုင်ခွဲပစ်တယ်။လူတွေက အသွေးအသားတွေနဲ့ ဖွဲ့စည်းထားတာ သူတို့မသိတာလား။ဒါမှမဟုတ် အဲလို နာကျင်နေတာက်ု ကြည့်ပြီး ပျော်ချင်နေတာလား။ရပါတယ် သူတို့အားလုံး ပျော်နိုင်ဖို့ လုပ်ပေးနိုင်တာ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ကျွန်မ အရမ်းရွံပါတယ်ဆိုတဲ့ နည်းလမ်းနဲ့ ကျွန်မ ဘဝ အဆုံးသတ်ပေးလိုက်ရုံပေါ့။
အခု ကျွန်မရောက်နေတာ ဆေးရုံရဲ့ တိုက်ခေါင်မိုးပေါ်မှာပါ။ဘာလို့လဲ သိချင်လား။ဒါကျွန်မရဲ့ ၅ ကြိမ်မြှောက် အဆုံးစီရင်မှုပါ။ ၄ကြိမ်လုံးသေသေချာချာလုပ်ပေမဲ့ မအောင်မြင်ခဲ့ပဲ ဆေးရုံမှာသာ အဆုံးသတ်ခဲ့တယ်။ခုတော့ ကျွန်မခြေလှမ်းလေး တစ်လှမ်း လှမ်းလိုက်တာနဲ့ ကျွန်မကို ပြန်ဆွဲခေါ်မဲ့ Soojungလေးလည်း မရှိဘူး။အဆိပ်ပုလင်း ပြန်လုမဲ့ Amberလည်း မရှိဘူး။တလှမ်းထဲပါ အဲ့တလှမ်းလေးလှမ်းတာနဲ့ကျွန်မ မနေချင်တော့တဲ့ ဒီဘဝကြီးကို အပြီးပိုင်စွန့်ခွာသွားတော့မှာပါ။